HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

ကရင်ပြည်နယ် ဓမ္မစကူးကျောင်းများ စုံညီပွဲတော် စည်ကားစွာ ကျင်းပ

ကရင်ပြည်နယ် ဓမ္မစကူးကျောင်းများ စုံညီပွဲတော် စည်ကားစွာ ကျင်းပ

ဘားအံ၊ မေ ၁၈

ကရင်ပြည်နယ် ဘားအံမြို့ချစ်သူမြိုင်ပန်းခြံရှိ ချစ် သူမြိုင်ခန်းမကြီးတွင် မေ ၁၈ ရက် နံနက် ၈ နာရီခွဲက ကရင်ပြည် နယ်အတွင်းရှိ ဓမ္မစကူးကျောင်း များအားလုံးပထမအကြိမ် ဓမ္မစ ကူးစုံညီပွဲတော်အခမ်းအနားကို စည်ကားစွာကျင်းပခဲ့ကြောင်း သိ ရသည်။ ရှေးဦးစွာ ကရင်ပြည်နယ် ဓမ္မစကူးကော်မတီသြဝါဒါစရိယ ဇွဲကပင်တောင်ဆရာတော်ကြီးကသြဝါဒစကားမိန့်ကြားပေးပြီး ဓမ္မ စကူးဖောင်ဒေးရှင်း(ဗဟို)နှင့် ကရင် ပြည်နယ် ဓမ္မစကူးကော်မတီတို့ ပူးပေါင်းကျင်းပသည့် ဓမ္မစကူးသင် ကြားရေးဆရာ၊ ဆရာမများ၏ အ လုပ်ရုံဆွေးနွေးပွဲရလဒ်ကို တာဝန် ရှိသူတစ်ဦးကတင်ပြလျှောက်ထား သည်။

''ကရင်ပြည်နယ်အတွင်းမှာ ရှိကြတဲ့ ဓမ္မစကူးဖောင်ဒေးရှင်း ကျောင်းတွေအားလုံးပထမဆုံးအ ကြိမ်တွေ့ဆုံတဲ့ပွဲပေါ့။ဓမ္မစကူး ကျောင်းတွေ ပိုမိုကျယ်ပြန့်လာဖို့ မိမိတို့ရဲ့ဘာသာ၊ သာသနာအ ပေါ်စိတ်ဝင်စားဖို့နဲ့ ထိန်းသိမ်းစောင့် ရှောက်ချင်စိတ်တွေ ရင်ထဲမှာ ကိန်းအောင်းလာဖို့ ကလေးတွေရဲ့ အနာဂတ်ကာလမှာ ယဉ်ကျေးလိမ္မာ တဲ့ ကလေးတွေဖြစ်လာစေဖို့စတဲ့ ရည်ရွယ်ချက်တွေနဲ့ဆောင်ရွက် တာဖြစ်ပြီး မည်သည့်ဘာသာကိုမှ မထိခိုက်စေဘဲ ဓမ္မစကူးကျောင်း တွေရဲ့ သင်ကြားပို့ချမှုတွေ၊ သင် ရိုးတွေကို ကျောင်းတွေအားလုံးက တစ်ပြေးညီ တူညီစွာသင်ကြား ပေးနိုင်ဖို့ ညှိနှိုင်းကြတာလည်း ပါ တာပေါ့။ နောက်ပြီး ကလေးတွေ ကို ဒါသင်၊ ဒါကျက်၊ ဒါဖြေဆိုတဲ့ စနစ်မျိုးမဟုတ်ဘဲ ကလေးတွေကို ချဉ်းကပ်ပြီး တွေးခေါ်နိုင်တဲ့နည်း လမ်းနဲ့ဘာသာ၊ သာသနာနဲ့မိမိတို့ ရဲ့ တိုင်းပြည်ကိုချစ်မြတ်နိုးစေဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေလည်းပါ တာပေါ့''ဟု ကရင်ပြည်နယ် ဓမ္မ စကူးဖောင်ဒေးရှင်းအဖွဲ့ဝင် ဆရာ တော် ဥူးနာဂဝံသက မိန့်ကြားသည်။


အဆိုပါအခမ်းအနားသို့ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်မှ ဓမ္မစကူးဖောင်ဒေးရှင်းတာဝန်ခံ ဆရာတော်များ၊ ကရင်ပြည်နယ် သာသနာရေးဝန်ကြီးနှင့် မွန်တိုင်း ရင်းသားရေးရာဝန်ကြီး ဦးမင်းတင် ဝင်းနှင့်တာဝန်ရှိသူများ၊ ကရင် ပြည်နယ်အတွင်းရှိ ဓမ္မစကူးကျောင်း ၁၈၂ ကျောင်းမှ သင်တန်းသား၊ သင်တန်းသူ ၄ဝဝဝ ကျော်နှင့် ဆရာ၊ ဆရာမများ စုံညီစွာတက် ရောက်ခဲ့ကြပြီး ကရင်ပြည်နယ် အတွင်းရှိ ဓမ္မစကူးကျောင်းများ အား တာဝန်ရှိသူများက အသိအ မှတ်ပြုလွှာများအသီးသီးပေးအပ် ခဲ့ကြောင်း သိရသည်။

KKTM(MWD)

#DEMOCRACYTODAY

Rate this item
(0 votes)
back to top