HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

တာချီလိတ်မြို့ ၌ နှီးဘုရားနှင့် ကျောင်းဆောင်အမိုး မီးလောင်မှုဖြစ်ပွား

တာချီလိတ်မြို့ ၌ နှီးဘုရားနှင့် ကျောင်းဆောင်အမိုး မီးလောင်မှုဖြစ်ပွား

ဝမ်ပုံ၊ မေ ၁၉ 

ရှမ်းပြည်နယ် (အရှေ့ပိုင်း)တာချီလိတ်မြို့၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဆွတ်ဆိုင် ကျေးရွာတောင်ပေါ် လွယ်ယွန်းခမ်း စေတီတော်အနီးရှိနှီးဘုရားနှင့် ကျောင်းဆောင်မီးလောင်ကျွမ်းခဲ့မှုဖြစ်ပွားခဲ့ကြောင်း ဝမ်ပုံနယ်မြေ ရဲစခန်းမှသိရသည်။ ဖြစ်စဉ်မှာ တာချီလိတ်မြို့၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု ဆွတ် ဆိုင်ကျေးရွာတောင်ပေါ် လွယ်ယွန်းခမ်းစေတီတော်အနီးရှိ နှီးဘု ရားကျောင်းဆောင်၌ လျှပ်စစ်ဝိုင် ယာရှော့ခ်ဖြစ်ပွားရာမှ မီးလောင် ကျွမ်းခဲ့သည်။

မီးလောင်မှုဖြစ်ပွားရာသို့ တာချီလိတ်ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကိုကိုနှင့် မီးသတ်တပ်ဖွဲ့ ဝင်များသည် မီးသတ်ယာဉ်သုံးစီး ဖြင့်လည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှဦးနှင့် ဝမ်ပုံနယ်မြေ ရဲ စခန်းမှ ခေတ္တစခန်းမှူး ရဲအုပ် တင်ဇော်လင်း ဦးစီးသောရဲတပ်ဖွဲ့ ဝင်များသည် ကျေးရွာအုပ်ချုပ်ရေး မှူးများ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ၊ ကျေးရွာသူရွာသားများနှင့်အတူ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ ည ၁၁ နာရီ မိနစ် ၄ဝ တွင် မီးငြိမ်းသွားခဲ့ သည်။ အဆိုပါမီးလောင်ကျွမ်းမှု ကြောင့် တိရစ္ဆာန်၊ လူနှင့် ရဟန်း သံဃာများ ထိခိုက်မှုမရှိကြောင်း နှင့် နှီးဘုရားနှင့် နှီးဘုရားအပေါ် အမိုးတို့ မီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးမှုတန်ဖိုးငွေကျပ် ၁ဝ သိန်း ခန့်ရှိကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

TT

#democracytoday

Rate this item
(0 votes)
back to top