HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

လာဘ်ပေးလာဘ်ယူ ကင်းရှင်းကြရန် ပြည်သူနှင့် တိုက်ရိုက် ထိတွေ့နေရသော လဝကဝန်ထမ်းများကို ပြည်ထောင်စုဝန်ကြီး သတိပေး

လာဘ်ပေးလာဘ်ယူ ကင်းရှင်းကြရန် ပြည်သူနှင့် တိုက်ရိုက် ထိတွေ့နေရသော လဝကဝန်ထမ်းများကို ပြည်ထောင်စုဝန်ကြီး သတိပေး

ရန်ကုန်၊ မေ ၁၉

လာဘ်ပေး လာဘ်ယူကင်းရှင်းရန် ပြည်သူနှင့် တိုက်ရိုက်ထိတွေ့နေရသည့် လဝက ဝန်ထမ်းအချို့ကို လဝကဝန်ကြီးက သတိပေးလိုက်သည်။ အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်း ဆွေသည် မေ ၁၈ ရက်က ရှမ်း ပြည်နယ် မြောက်ပိုင်း၊ မူဆယ် ခရိုင်နှင့်ခရိုင်အတွင်းရှိ မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်ရှိ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင် ရာမြို့နယ်ဦးစီးမှူးရုံးများနှင့် လူ ဝင်မှုကြီးကြပ်ရေးဌာနခွဲခုနစ်ခုမှ ဝန်ထမ်းများကို တွေ့ဆုံ၍ ထိုသို့ မှာကြားခြင်းဖြစ်ကြောင်း အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက မေ ၁၉ ရက် ထုတ်ပြန်ထားသည့် သတင်းအရ သိရသည်။

''မူဆယ်ဒေသက နိုင်ငံတော် စီးပွားရေးဖွံ့ဖြိုးဖို့အတွက် အရေးပါတဲ့ဒေသဖြစ်တယ်။ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်တွေကနေ တစ်နေ့ကို လူဦးရေသောင်းကျော် ဝင်ထွက်သွားလာနေတယ်။ အဲဒီထဲမှာ တရုတ်နိုင်ငံကို သွားရောက် အလုပ်လုပ်ကြရတဲ့ မိမိတို့နိုင်ငံ သားအလုပ်သမားတွေကိုလည်း တရားဝင် ဝင်ထွက်သွားလာရေးအတွက် ပညာပေးစည်းရုံးဆောင်ရွက်ကြဖို့နဲ့လိုအပ်တာတွေကို ဝိုင်း ဝန်းကူညီဆောင်ရွက်ပေးကြဖို့လို သလို အဂတိလိုက်စားမှု၊ လာဘ် ပေးလာဘ်ယူမှုကင်းရှင်းရေး အတွက်အလေးထားဂရုပြုလိုက်နာ ဆောင်ရွက်ကြဖို့၊ ပြည်သူနဲ့တိုက် ရိုက်ထိတွေ့ဆက်ဆံဆောင်ရွက်ရ သည့်ဌာနဖြစ်တာနဲ့အညီ ပြည်သူ့ အပေါ် ဝန်ဆောင်မှုအပြည့်အ ဝပေး၍ ယဉ်ကျေးပျူငှာစွာဆက် ဆံဆောင်ရွက်ကြဖို့လိုအပ်ပါတယ်'' ဟု ပြည်ထောင်စုဝန်ကြီး ဦးသိန်း ဆွေက တွေ့ဆုံမှာကြားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။


ယင်းအပြင် နယ်စပ်ဂိတ်၊ ဒေသများတွင် နေ့စဉ်ဖြစ်ပေါ်နေသည့်တိုးတက်မှုများနှင့် ထူးခြား ဖြစ်စဉ်များကိုအချိန်နှင့် တစ်ပြေးညီတင်ပြကြရန်နှင့် ဝန်ထမ်းများ အနေဖြင့် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်စသည်ဖြင့်မှာကြားခဲ့ကြောင်း သိရသည်။ ယခုမေလပထမပတ်အတွင်း က ထိုင်းသို့စေလွှတ်ထားသည့် အလုပ်သမားသံအရာရှိတစ်ဦးကို လာဘ်စားသည်ဟုဆိုကာ တိုင်ကြားခံထားရပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ပြည်ထောင်စုဝန်ကြီးက လာဘ်ပေးလာဘ်ယူမှု ကိစ္စရပ်များကို သတိပေးခြင်းဖြစ်သည်။

ZC

#democracytoday

Rate this item
(0 votes)
back to top