HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

စစ်ကိုင်းနှင့် ကောလင်းမြို့နယ်များ၌ မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ်များ ထိခိုက်ပျက်စီး

စစ်ကိုင်းနှင့် ကောလင်းမြို့နယ်များ၌ မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ်များ ထိခိုက်ပျက်စီး

စစ်ကိုင်း၊ မေ ၂၄

စစ်ကိုင်းတိုင်း ဒေသကြီး စစ်ကိုင်းမြို့နယ်နှင့် ကောလင်းမြို့နယ်တို့၌ မေ ၂၃ ရက် ည ၉နာရီကျော်က တိုက်ခတ် ခဲ့သောလေပြင်းကြောင့် လူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။  အဆိုပါ မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် စစ်ကိုင်းမြို့နယ်တွင် လူနေအိမ် ၂၄ လုံး၊ ကောလင်း မြို့နယ်တွင် ဘုန်းကြီးကျောင်းတစ် ကျောင်းနှင့် လူနေအိမ်တစ်လုံးတို့ ပျက်စီးခဲ့ပြီး သက်တမ်းရင့် သစ် ပင်များနှင့် လျှပ်စစ်ဓာတ်မီးတိုင် များ ကျိုးကျပျက်စီးမှုဖြစ်ပေါ်ခဲ့ သည်။

''ညက လေရောမိုးပါကျတာ လေဘေးကြောင့် စစ်ကိုင်းမြို့နယ်က အိမ် ၂၄ လုံးပျက်စီးတယ်။ အဲဒီအိမ် ၂၄ လုံးထဲမှာ ၂၂ လုံးက အိမ် အမိုးတွေအကုန်လန်တာ။ ကျန် အိမ်နှစ်လုံးကတော့ အိမ်အမိုးတစ်ဝက်စီပဲလန်ပြီးပျက်စီးသွားတာပါ။ ကောလင်းမြို့နယ်မှာ ဘုန်းတော် ကြီးကျောင်းတစ်ကျောင်း၊ လူနေ အိမ်တစ်လုံး အမိုးလန်ပျက်စီးတယ်။ လူနဲ့ တိရစ္ဆာန်ထိခိုက်မှုတော့ မရှိပါဘူး။ ကျန်တဲ့ မြို့နယ်တွေမှာ တော့ လေဘေးကြောင့် ပျက်စီး တယ်လို့ ကျွန်တော်တို့ဆီ စာရင်း တက်မလာသေးဘူး။ ခုက စစ်ကိုင်း မြို့နယ်နဲ့ ကောလင်းမြို့နယ်ပဲ စာ ရင်းရသေးတယ်''ဟု စစ်ကိုင်းတိုင်း ဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေး မှူး ဦးစဝီလီဖရန့်က ပြောသည်။


စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ယခုနှစ် ဖေဖော်ဝါရီလမှ ယနေ့အထိ လေပြင်းတိုက်ခတ်မှု အကြိမ် ၁ဝဝ ခန့် ဖြစ်ပွားခဲ့ပြီး အိမ် ခြေ ၄ဝဝဝ ခန့် ထိခိုက်ပျက်စီးခဲ့ကာ ပျက်စီးသွားသည့်အိမ်ခြေများအတွက် နိုင်ငံတော်မှထောက်ပံ့ငွေ ကျပ်သိန်း ၂ဝဝဝ ခန့် ထောက်ပံ့ ပေးနိုင်ခဲ့ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီးဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။

DW

#democracytoday

Rate this item
(0 votes)
back to top