HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

ဆိပ်ကမ်းမြို့နယ်ကို ဗိုလ်တထောင်ထဲသို့ ထည့်သွင်းပြောင်းရွှေ့ရန်မှာ အခြေခံဥပဒေအရ ခက်ခဲဟုဆို

ဆိပ်ကမ်းမြို့နယ်ကို ဗိုလ်တထောင်ထဲသို့ ထည့်သွင်းပြောင်းရွှေ့ရန်မှာ အခြေခံဥပဒေအရ ခက်ခဲဟုဆို

နေပြည်တော်၊မေ ၂၄ 

ဆိပ်ကမ်း မြို့နယ်ကို ဗိုလ်တထောင်ထဲသို့ ထည့်သွင်းပြောင်းရွှေ့ရန်မှာ အခြေ ခံဥပဒေအရခက်ခဲကြောင်း ပြည် ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးတင်မြင့်ကပြော သည်။ ရန်ကုန်တိုင်းဒေသကြီး ဆိပ် ကမ်းမြို့နယ်ကို ဗိုလ်တထောင် မြို့နယ်ထဲသို့ ထည့်သွင်းပြောင်းရွှေ့ မည်ဟု ပြောဆိုနေမှုများနှင့် ပတ် သက်ပြီး မေ ၂၄ ရက်၊ အမျိုးသား လွှတ်တော် အစည်းအဝေးအပြီး သတင်းမီဒီယာ၏ မေးမြန်းမှုအပေါ် ၎င်းင်းက အထက်ပါအတိုင်းပြန် လည်ဖြေကြားခြင်း ဖြစ်သည်။

ယင်းသို့ပြောဆိုနေမှုများနှင့် ပတ်သက်၍ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာနအနေနှင့်လည်း မသိသေးကြောင်း ၎င်းင်းကပြောသည်။ ''ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြို့ နယ်ပေါင်းက ၃၃ဝ ဆိုတာ ဖွဲ့ စည်းပုံအခြေခံဥပဒေထဲမှာ သတ် မှတ်ထားတယ။် ကျွန်တော်တို့က ကျေးရွာတွေစုပြီးတော့ ကျေးရွာအုပ်စု ကျေးရွာတွေစုပြီးတော့မှ ရပ်ကွက်တွေပေါင်းပြီးတော့မှ မြို့ ဖွဲ့လို့ရတယ်။ ပြီးရင် မြို့နယ်တချို့ တွေ ပူးပေါင်းပြီးတော့ ခရိုင်တွေ တောင်းလို့ နိုင်ငံတော်သမ္မတကြီး တို့ကနေပြီးတော့မှ သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်ဝန်ကြီး ချုပ်က တင်ပြထောက်ခံလာရင် ခရိုင်အဆင့်ပေးလို့ရတယ်။ မြို့နယ် ကိုတော့ ပြင်ဆင်ခြင်း၊ ပြောင်းလဲ ခြင်း၊ ပယ်ဖျက်ခြင်းကတော့ ဖွဲ့စည်း ပုံအခြေခံဥပဒေအရ ပြင်လို့မရ နိုင်သေးဘူး။ အဲဒီတော့ ဆိပ်ကမ်း မြို့နယ်ကို တခြားမြို့နယ် ပြောင်း မယ်ဆိုတာကတော့ ကျွန်တော်တို့ မသိဘူး။ မကြားဘူး။ အဲဒါပါပဲ။ လုပ် မယ်ဆိုရင်လည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြစ်နေတော့ တော်တော်လေး ခက်ခဲပါတယ်''ဟုပြောသည်။

MO

#democracytoday

Rate this item
(0 votes)
back to top