HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

တရုတ်နိုင်ငံ အရှေ့ပိုင်းနှင့် တောင်ပိုင်းတို့တွင် မိုးသက်မုန်တိုင်း ကျရောက်၊ အနည်းဆုံး ခုနစ်ဦးသေဆုံး  

တရုတ်နိုင်ငံ အရှေ့ပိုင်းနှင့် တောင်ပိုင်းတို့တွင် မိုးသက်မုန်တိုင်း ကျရောက်၊ အနည်းဆုံး ခုနစ်ဦးသေဆုံး   

ပေကျင်း၊ ဇွန် ၁ဝ

တရုတ်နိုင်ငံ တောင်ပိုင်း၊ အနောက်တောင်ပိုင်းနှင့် အရှေ့ ပိုင်းတို့ရှိ ပြည်နယ်များတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖြစ်ရသောရေကြီးမှုနှင့် အိမ်များပျက်စီးမှုတို့ ဖြစ်ပေါ်ခဲ့ပြီးနောက် အနည်းဆုံး ခုနစ်ဦးသေဆုံးခဲ့ရာ လူထောင်နှင့်ချီ၍ ကယ်ဆယ် ရွှေ့ ပြောင်းပေးထားရကြောင်း သိရသည်။ ယခုသီတင်းပတ်အစောပိုင်းတွင်စတင်ခဲ့သော မိုးသက်မုန်တိုင်းများမှာ တရုတ်နိုင်ငံတစ်ဝန်း တွင်ကျင်းပခဲ့သော တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများအပြီးတွင် စတင်ခဲ့ခြင်းဖြစ်ပြီး သုံးရက်ကြာကျင်းပသည့် နဂါးလှေပွဲတော်တွင် ခရီးသွားများဖြင့် စည်ကားနေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

အမျိုးသားမိုးလေဝသဌာန ၏အဆိုအရ မိုးသက်မုန်တိုင်း ကြောင့် အဝါရောင်သတိပေးချက် သတ်မှတ်ထားပြီးကျဲ့ကျန်၊ ဖူကျန်၊ ကျန်ရှီ၊ ဟူနန်၊ ကွေဇူး၊ ကွမ်တုံ ပြည်နယ်တို့နှင့် ကွမ်ရှီဇူအန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့တွင် မိုးကြီးမည်ဟု ခန့်မှန်းထားသည်။ အ ချို့ဒေသများတွင် ၂၄ နာရီအတွင်း မိုးရေချိန် ၂၄ဝ မီလီမီတာအထိ ရရှိခဲ့သည်ဟုလည်းဆိုသည်။ တရုတ်နိုင်ငံသည် ရာသီဥတု သတိပေးချက်စနစ်ကို အရောင် များဖြင့် သတ်မှတ်ထားသည်။ အနီရောင်သည် အဆိုးရွားအပြင်း ထန်ဆုံးကိုကိုယ်စားပြုပြီး ယင်း နောက် လိမ္မော်၊ အဝါနှင့် အပြာရောင် တို့ဖြင့်သတ်မှတ်ထားသည်။


နိုင်ငံအရှေ့ပိုင်း ကျန်းရှီပြည်နယ်တွင် ကောက်ပဲသီးနှံ ဟက်တာ ၇၇၄ဝဝ ကိုပျက်စီးထိခိုက်စေခဲ့ရသော လေပြင်းတိုက်ခတ်မှု၊ မိုးသီးကြွေမှုနှင့် မိုးသည်းထန်မှုကြောင့် ဖြစ်ပွား သောရေကြီးမှုတို့ကြောင့် လူခြောက်ဦးသေဆုံးခဲ့ရပြီး တစ်ဦးပျောက်ဆုံးနေ ကြောင်းသိရသည်။ ကျန်းရှီပြည်နယ်တွင်အဆင့်လေး အရေးပေါ်တုံ့ပြန် ကူညီရေးကိုလုပ်ဆောင်နေပြီး အထူးအလုပ်အဖွဲ့တစ်ခုကို စေလွှတ်ထားသည်ဟု သိရသည်။ တောင်ပိုင်း ကွမ်ရှီပြည်နယ်တွင် မိုးသက်မုန်တိုင်း ကြောင့် အနည်းဆုံးတစ်ဦးသေဆုံးခဲ့ပြီး လေးဦးပျောက်ဆုံးနေကြောင်းနှင့် ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း အရေးပေါ်စီမံခန့်ခွဲရေးဌာနက ဇွန် ၉ ရက်တွင် ပြောဆိုထားသည်။ 

Ref:Xinhua

#democracytoday

Rate this item
(0 votes)
back to top