HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

တောမီးလောင်ကျွမ်းမှုကြောင့် ကယ်လီဖိုးနီးယားတောင်ပိုင်းမှ အပန်းဖြေပန်းခြံများတွင် ကယ်ဆယ်ရွှေ့ပြောင်းမှုများ လုပ်ဆောင်ထားရ  

တောမီးလောင်ကျွမ်းမှုကြောင့် ကယ်လီဖိုးနီးယားတောင်ပိုင်းမှ အပန်းဖြေပန်းခြံများတွင် ကယ်ဆယ်ရွှေ့ပြောင်းမှုများ လုပ်ဆောင်ထားရ   

လော့စ်အိန်ဂျလိစ်၊ ဇွန် ၁ဝ

ကယ်လီဖိုးနီးယားပြည်နယ်တစ်လျှောက်တွင် တောမီးလောင်ကျွမ်းနေမှုကြောင့် ဇွန် ၉ ရက်၌ အနီးနားရှိ အပန်းဖြေပန်းခြံနှစ်ခုမှ ကယ်ဆယ်ရွှေ့ပြောင်းမှုများကို လုပ်ဆောင်လိုက်ရသော်လည်း အိမ်များမီးလောင်ပျက်စီးမှုနှင့် ထိခိုက်ဒဏ်ရာရရှိသူများ သတင်းမရရှိသေးကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ တောမီးလောင် ကျွမ်းမှုသည် လော့စ်အိန်ဂျလိစ်မြို့အနောက်မြောက်ဘက် ၃၅ မိုင်အကွာရှိ ဆန်တာ ကလာရီတာဒေသ၌ မွန်းတည့်ချိန်တွင် စတင်ဖြစ်ပွားခဲ့ပြီးဖြစ်ပြီး မွန်းလွဲနှောင်းပိုင်းတွင် ဆန်တာကလာရာမြစ်တစ်လျှောက် ဧက ၄ဝ ခန့်သို့ ကူးစက်ပျံ့နှံ့ခဲ့ကြောင်း လော့စ်အိန်ဂျလိစ်မီးသတ်ဌာနကဆိုသည်။

မီးသတ်သမားများက နာရီ ပေါင်းများစွာအတွင်း မီးပျံ့နှံ့မှုကို ဟန့်တားခဲ့ရပြီး မီးကို ၂ဝ ရာခိုင် နှုန်းခန့် ထိန်းထားနိုင်ခဲ့ကြောင်း လည်းသိရသည်။ လူနေထိုင်မှုများ သောဒေသမှ အိမ်နှင့် စီးပွားရေး လုပ်ငန်းသုံးအဆောက်အအုံများ မှာ မီးဘေးအန္တရာယ်မရှိကြောင်း ရဲမှူးကြီး အိုလက်ပိုလစ်စကီက ဆိုသည်။ သို့သော် Six Flags Magic Mountain အပန်းဖြေ ပန်းခြံ နှင့်အနီးနားရှိ Hurricane Harbor ရေပေါ်ပန်းခြံတို့မှာ မီးခိုးလုံးများ ဖြင့် ဖုံးလွှမ်းခဲ့ပြီး ရေပေါ်ပန်းခြံ အောက်ဘက်ရှိ သစ်ပင်တစ်ပင် မှာ မီးစွဲလောင်ခဲ့ရသည်ဟု ပိုလစ် စကီကဆိုသည်။ ယင်းပန်းခြံနှစ်ခု စလုံးကို ပိတ်ထားကြောင်း အွန် လိုင်းမှတစ်ဆင့် သတိပေးကြေ ညာခဲ့သည်။


ွငထ ၤူေါ် ပန်းခြံက Si Flags Magic Mountain နဲ့ Hurricane Harbor ပန်းခြံတို့မှာ Sky Incident တောမီးကြောင့် လက်ရှိမှာ ကယ်ဆယ်ရွှေ့ပြောင်းမှု တွေလုပ်ဆောင်ထားရပါတယ်။ ကျွန်တော်တို့ရဲ့ဧည့်သည်တွေနဲ့ အဖွဲ့ဝင်တွေရဲ့ ဘေးကင်းလုံခြုံမှုဟာ ကျွန်တော်တို့ရဲ့ ထိပ်တန်း ဦး စားပေးဖြစ်ပါတယ်'' ဟု တွစ်တာတွင် ရေးသားခဲ့သည်။ ပန်းခြံသို့ လာရောက်လည်ပတ်သူများ၏ထွက် ခွာမှုမှာ အထွက်လမ်းများကို အာဏာပိုင်များက ပိတ်ထားခဲ့မှုကြောင့် တစ်နာရီခန့် နှောင့်နှေးခဲ့ရသည်။ မီးကြောင့် မီးခိုးနှင့်နှလုံးဆိုင်ရာ ပြဿနာများကြောင့် လူကိုးဦးကို ကယ်ဆယ်ကုသထားရကြောင်း လည်း လော့စ်အိန်ဂျလိစ် သတင်း ဝန်ဆောင်မှုဌာနက ဆိုသည်။

Ref:Reuters

#democracytoday

Rate this item
(0 votes)
back to top