HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

အင်ဒိုနီးရှား ဆူမတြားကျွန်း၌ အမြင့် ၈ဝ၇၁ ပေရှိ ဆီနာဘွန်း မီးတောင်ပေါက်ကွဲ၍ ဒေသခံများကို သတိပေးထား  

အင်ဒိုနီးရှား ဆူမတြားကျွန်း၌ အမြင့် ၈ဝ၇၁ ပေရှိ ဆီနာဘွန်း မီးတောင်ပေါက်ကွဲ၍ ဒေသခံများကို သတိပေးထား   

ကာရို၊(အင်ဒိုနီးရှား)၊ ဇွန် ၁ဝ

အင်ဒိုနီးရှားအာဏာပိုင်များသည် ဆူမတြားကျွန်းရှိ ဆီနာဘွန်း မီးတောင်သည် ပေါက်ကွဲတော့မည့် အရိပ်အခြည်များ ပြသကာ ပြာမှုန်များမှုတ်ထုတ်နေသောကြောင့် ဒေသခံများအနေဖြင့် သတိပြုနေထိုင်ကာ ယင်းမီးတောင်နှင့်ဝေးရာတွင် သွားလာနေထိုင်ကြရန် ဇွန် ၁ဝ ရက်က သတိပေးကြေညာချက် ထုတ်ပြန်ထားခဲ့သည်ဟု သိရှိရသည်။

ဆီနာဘွန်း မီးတောင်သည် ၈ဝ၇၁ ပေမြင့်ပြီး ၂ဝ၁ဝ ခုနှစ်က နောက်ဆုံးအကြိမ်ပေါက်ကွဲခဲ့သည့် ၉.၆.၁၉ ရက်တွေ့ရှိချက်များ အရ ၉ မိနစ်လျင် တစ်ကြိမ်ပြာပူများ ၇ ကီလိုမီတာ (၄ ဒသမ ၄) မိုင် အမြင့်ရောက်အောင်မှုတ်ထုတ် နေကြောင်း တွေ့ရှိခဲ့ရသည်။ ယင်း အရ ဆီနာဘွန်း မီးတောင်သည် မကြာမီပေါက်ကွဲတော့မည့် အလား အလာဖြစ်ပေါ်နေသည်ဟု အာဏာပိုင်များက သတ်မှတ်ခဲ့ကြသည်။ ''အခုည သန်းခေါင်အချိန်ကစပြီး မနက် ၆ နာရီအတွင်း ပေါက်ကွဲလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်'' ဟု ဆီနာဘွန်း မီးတောင်လေ့လာရေး ပညာရှင်ဝီလီက ခန့်မှန်းပြောဆိုထားသည်။


''မီးတောင်အနီးက ဒေသခံများဟာ ပြာမှုန်များမရှူရှိုက်မိ အောင် နှာခေါင်းစည်း၊ မျက်နှာစည်းများ တပ်ထားသင့်ပါတယ်''ဟုလည်း သတိပေးလိုက်သည်။  အင်ဒိုနီးရှားနိုင်ငံတွင် မီးတောင်ရှင် ၇ဝ ရှိသည်။ 

Ref:Reuters

#democracytoday

Rate this item
(0 votes)
back to top