HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

လူကုန်ကူးသူများက သုံးရက်တာ အခန်းထဲ ပိတ်လှောင် ထားသည့် မြန်မာ ၃၈ ဦးကို ထိုင်းအာဏာပိုင်များတွေ့ရှိ  

လူကုန်ကူးသူများက သုံးရက်တာ အခန်းထဲ ပိတ်လှောင် ထားသည့် မြန်မာ ၃၈ ဦးကို ထိုင်းအာဏာပိုင်များတွေ့ရှိ   

ရန်ကုန်၊ ဇွန် ၁၁

လူကုန်ကူးသူများက သုံးရက်တာ အခန်းထဲပိတ် လှောင်ထားသည့် မြန်မာ ၃၈ ဦးကို ထိုင်းအာဏာပိုင်များ တွေ့ရှိ ထိန်း သိမ်းနိုင်ခဲ့ကြောင်းသိရသည်။ ထိုင်းကိုဖြတ်သန်း၍ မလေး ရှားနိုင်ငံအတွင်း တရားမဝင် အလုပ်သွားရောက်လုပ်ကိုင်မည့် မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံ ဆုန်ခ လာခရိုင် ဟတ်ယိုင်မြို့နယ် ထူးလုင်ရပ်ကွက်မှတစ်ဆင့် ထိုင်း-မလေးရှား နယ်စပ်မြို့ဖြစ်သည့် ပါတနီခ ရိုင်သို့ လူကုန်ကူးသူများက ဗင်ကားတစ်စီးဖြင့် အကြိုအပို့ ပြုလုပ်နေ ကြောင်း သတင်းအရ ထိုင်းလူကုန် တားရဲတပ်ဖွဲ့မှ ဖမ်းဆီးစစ်ဆေးရာ မှ ထိန်းသိမ်းနိုင်ခဲ့ခြင်းဟု ဇွန် ၁ဝ ရက်က ထိုင်းသတင်းဌာနများ၌ ဖော်ပြထားကြောင်း အလုပ်သမား ဟစ်တိုင်မှ သိရသည်။

ဖမ်းဆီးရမိသည့် ယာဉ်မောင်းက ဟတ်ယိုင်နယ်မြေ ဖတုံရပ်ကွက် ရှိ တန်းလျားတစ်ခု၌ အခန်းအမှတ် (၇၉/၇)၌ မလေးရှားနိုင်ငံသို့ သွားမည့် မြန်မာနိုင်ငံသား ၃၈ ဦးတို့ကို အခန်းပိတ် လှောင်ထားကြောင်း ထွက်ဆိုသဖြင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြောင်း၊ အ ခန်းတံခါးအား အပြင်မှ အသေပိတ် ထားသည်ကို တွေ့ရှိခဲ့သလို အခန်း ထဲရှိ မြန်မာနိုင်ငံသား ၃၈ ဦးတို့သည် အစာရေစာ ပြတ်လပ်နေသည်မှာ သုံးရက်ခန့်ရှိပြီဖြစ်ကြောင်း၊ အခန်းထဲမှာ စကားကျယ်ကျယ် မပြော ဆိုရန်နှင့် မီးလည်းမဖွင့်ရန် ပွဲစား က မှာထားကြောင်း အလုပ်သမား များက ထွက်ဆိုထားသည်ဟု အလုပ်သမားဟစ်တိုင်က ဖော်ပြထားသည်။


''လက်ရှိ မြန်မာနိုင်ငံသား ၃၈ ဦးနဲ့ ယာဉ်မောင်း နှစ်ဦးတို့ကို ထူးလုင်ရဲစခန်းသို့ ခေါ်ဆောင်ပြီး အ သေးစိတ် ထပ်မံစစ်ဆေးပြီး ဥပဒေအတိုင်း ဆက်လက်အရေးယူ ဆောင် ရွက်သွားမယ်လို့ သိရပါတယ်''ဟု အလုပ်သမားဟစ်တိုင်မှ ကိုစိုးလင်း အောင်က ဇွန် ၁၁ ရက်ကပြောသည်။ ထိုင်းကိုဖြတ်၍ မလေးရှားနိုင်ငံသို့ တရားမဝင် ဝင်ရောက်မှုသည် ယခုနောက်ပိုင်းတွင် ပြန်လည်ဦး မော့လာခဲ့သည်။ ထိုင်းနိုင်ငံမှ မလေး ရှား နယ်စပ်မြို့အထိ လုပ်သားတစ် ဦးပို့ဆောင်ခအဖြစ် ဘတ်နှစ်သောင်း မှ သုံးသောင်းအထိ ပေါက်ဈေးရှိ ပြီး ဖမ်းဆီးခံရပါက တာဝန်ယူမှုမရှိ ကြောင်း သိရသည်။ 

ZC

#democracytoday

Rate this item
(0 votes)
back to top