HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

သီပေါ ပြည်သူ့ဆေးရုံတွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင်များကို အခမဲ့ ခွဲစိတ်ကုသပေးနိုင်ရန် စာရင်းကောက်ယူ

သီပေါ ပြည်သူ့ဆေးရုံတွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင်များကို အခမဲ့ ခွဲစိတ်ကုသပေးနိုင်ရန် စာရင်းကောက်ယူ

ရန်ကုန်၊ ဇန်နဝါရီ ၁၁

ရှမ်း ပြည်နယ် သီပေါပြည်သူ့ဆေးရုံတွင် လူနာများကို နေ့စဉ် အခမဲ့အာဟာရကျွေးခြင်းအပြင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲသူများကိုလည်း အခမဲ့ ခွဲစိတ်ကုသပေးနိုင်ရန် စာရင်းကောက်ခံနေကြောင်းသိရသည်။ အဆိုပါပြောကြားချက်ကို ဇန်နဝါရီ ၁၁ ရက်က ပြုလုပ်သည့် (၄၆)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာညီလာခံတွင် စာတမ်းလာဖတ်သည့် သီပေါဆေးရုံ အုပ်ကြီးက ဇန်နဝါရီ ၁၁ ရက်တွင် ပြောခဲ့ခြင်းဖြစ်သည်။


''သီပေါဆေးရုံကြီးကို ပြီးခဲ့တဲ့ ကိုးလပိုင်း ၃ရက်က ဆရာစရောက်တယ်။ သီပေါဆေးရုံမှာ လူနာတွေအတွက် အာဟာရ အခမဲ့ကျွေးပါတယ်။ ၂ဝ၁၈ မတ်လကုန်အထိ အလှူရှင်တွေပြည့်နေပါပြီ။ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာတွေကိုလည်း ရှေ့နှစ် ဇူလိုင်ကျရင် အကုန်ခွဲစိတ်မှာပါ။ လောလောဆယ် နှုတ်ခမ်း ကွဲ၊ အာခေါင်ကွဲစာရင်းတွေ ကောက်ယူနေပါတယ်။ အခမဲ့ခွဲစိတ်ပေးနိုင်ဖို့ ဆရာဝန်တွေနဲ့ရော ချိတ်ဆက်ထားပါတယ်''ဟု သီပေါပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာနန္ဒဝင်းက ပြောသည်။ လူနာများကို နံနက်စာ ကွေကာအုပ်နှင့် ကြက်ဥပြုတ်၊ နေ့ခင်းစာ ကြက်သားဆန်ပြုတ်၊ ညနေစာ ကြက်သားခေါက်ဆွဲပြုတ်နှင့် ကြက်ဥပြုတ်ကျွေးလေ့ရှိပြီး တစ်ရက်လျှင် ကျပ်ငါးသောင်းနှုန်းဖြင့် လှူဒါန်း နိုင်မည်ဖြစ်သည်။


''လူနာစောင့်တွေကို တန်ဖိုးသင့်အနေနဲ့ ကျပ်၅ဝဝနဲ့ စားလို့ရ အောင်လည်းလုပ်ပေးထားပါတယ်။ ကုသမှုပိုင်းမှာတော့ ကျန်းမာရေးဝန်ကြီးဌာနကဝန်ထမ်းတွေ၊ ပြည်သူ့ ကျန်းမာရေးဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေ၊ ပရဟိတသမားတွေ ပူးပေါင်းပြီး တစ်မြို့လုံးမှာရှိတဲ့လူနာ တွေရဲ့ စစ်တမ်းတွေကိုကောက်ထားတယ်။ သွေးတိုးလူနာဘယ်လောက် ရှိလဲ။ ဆီးချိုရောဂါလူနာ ဘယ် လောက်ရှိလဲ ကောက်ထားပါတယ်။ နိုင်ငံခြားကလာတဲ့ ကျွန်တော်တို့ သူငယ်ချင်းဆရာဝန်တွေကို ဖိတ် ခေါ်ပြီး ကုသပေးနေပါတယ်''ဟု ၎င်းက ဆက်လက်ပြောသည်။ သီပေါမြို့တွင် လူနာများ၏စာရင်းစစ်တမ်းများအရ သွေးတိုးလူနာ အများဆုံးဖြစ်ကြောင်းနှင့် သွေးတိုး၊ ဆီးချိုရောဂါများအတွက်လည်း ကျွမ်းကျင်ဆရာဝန်ကြီးများက ကုသပေးလျက်ရှိကြောင်း သိရသည်။


TTHL

#democracytoday

Rate this item
(0 votes)
back to top