HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

နှစ်(၇ဝ)ပြည့် ချင်းအမျိုးသားနေ့ အခမ်းအနားကို ရိခေါဒါရ် ၌ စည်ကား သိုက်မြိုက်စွာ ကျင်းပမည်

နှစ်(၇ဝ)ပြည့် ချင်းအမျိုးသားနေ့ အခမ်းအနားကို  ရိခေါဒါရ် ၌ စည်ကား သိုက်မြိုက်စွာ ကျင်းပမည်

ရိခေါဒါရ်၊ ဖေဖော်ဝါရီ ၁၂

ချင်း ပြည်နယ် ရိခေါဒါရ်မြို့ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ များနှင့် ရပ်ကွက်လူငယ်များ ပူး ပေါင်းစီစဉ်မှုဖြင့် နှစ် (၇ဝ) ပြည့် ချင်းအမျိုးသားနေ့ အခမ်းအနားကို ဖေဖော်ဝါရီ ၂ဝ ရက်တွင် ရိခေါဒါရ်မြို့ အမှတ် (၂) ရပ်ကွက်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပရန်စီစဉ်ထားကြောင်းသိရသည်။

ချင်းအမျိုးသားနေ့ ကျင်းပနိုင်ရေးအတွက် ပွဲကြီးကြပ်ရေး ကော်မတီ၊ ပွဲဖြစ်မြောက်ရေး ကော်မတီနှင့် လုပ်ငန်းကဏ္ဍအလိုက် လုပ်ငန်းဆပ်ကော်မတီများ ဖွဲ့စည်းပြီး ယခုမှစတင်၍ လုပ်ငန်းကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိရာ ချင်းအမျိုးသားနေ့ ဖွင့်ပွဲအခမ်းအနားတွင် စစ်ကြောင်းချီတက်လမ်းလျှောက် ခြင်းကို စုရပ်အဖြစ်သတ်မှတ်ထားသည့် မြို့ပြင်ယာယီကုန်ချကွင်းမှ ပွဲတော်ကျင်းပမည့်နေရာဖြစ်သည့် အမှတ် (၂) ရပ်ကွက် အားကစားကွင်းအထိ ဒေသအတွင်းရှိ ချင်းလူမျိုးနွယ်စုအလိုက် စစ် ကြောင်းစာတန်းများကိုင်ဆောင်၍ စစ်ကြောင်းငါးကြောင်းဖြင့် ချီတက်လမ်းလျှောက်သွားကြမည်ဖြစ် သည်။


အခမ်းအနားတွင် လူမျိုးနွယ်စုအလိုက် ရိုးရာယဉ်ကျေးမှုအကများ၊ Stage Show, ဘော်လီ ဘောပြိုင်ပွဲနှင့် အခြားအားကစား ပြိုင်ပွဲများစွာဖြင့် ကျင်းပရန် စီစဉ်ထားကြောင်း၊ ပွဲတော်ဖြစ် မြောက်အောင်မြင်ရေးအတွက် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ် ရေးအဖွဲ့များ၊ ရပ်ကွက်လူငယ်အဖွဲ့များ၊ မြို့ကုန်တင်ကုန်ချအသင်း နှင့် စေတနာအလှူရှင် ပြည်သူများ၏ လှူဒါန်းထည့်ဝင်ငွေများ ဖြင့် ကျင်းပဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပွဲကျင်းပရေးကော်မတီဝင် ဦးပက်အာက ပြောကြားသည်။ ရိခေါဒါရ်မြို့တွင် ချင်းအမျိုးသားနေ့ အခမ်းအနားကို နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး ယခင်နှစ်များတွင် ရိဒ်ရေကန်တည်ရှိသည့်အမှတ် (၁) ရပ်ကွက် ၌ ကျင်းပခဲ့ခြင်းဖြစ်ကာ ယခုနှစ်တွင်မူ မြန်မာ-အိန္ဒိယနယ်စပ်ရှိ အမှတ် (၂) ရပ်ကွက်တွင် ပထမအကြိမ်အဖြစ်ကျင်းပသွားမည်ဖြစ် ကြောင်းသိရသည်။


AB

#democracytoday

Rate this item
(0 votes)
back to top