HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

အင်းဝဒေသတွင် ထားရှိမည့် ဘုရင်သတိုးမင်းဖျား ရုပ်တုကို မန္တလေးမြို့တွင် ကြေးသွန်းလောင်းရန် ပြင်ဆင်

အင်းဝဒေသတွင် ထားရှိမည့် ဘုရင်သတိုးမင်းဖျား ရုပ်တုကို  မန္တလေးမြို့တွင် ကြေးသွန်းလောင်းရန် ပြင်ဆင်

မန္တလေး၊ ဖေဖော်ဝါရီ ၁၂

သီတဂူဆရာတော်ကြီး ဦးဆောင်မှုဖြင့် အင်းဝရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း စိုက်ထူထားရှိမည့် ဘုရင်သတိုးမင်းဖျား၏ ရုပ်တုအတွက် ကြေးသွန်းလောင်းခြင်းလုပ်ငန်းကို လာမည့်ရက်ပိုင်းအတွင်း စတင်လုပ်ကိုင်နိုင်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း မန္တလေးမြို့ ပြည့်ဝကြေးသွန်းလုပ်ငန်းမှသိရသည်။

 

''အင်းဝမြို့ကိုတည်ထောင်ခဲ့တဲ့ သတိုးမင်းဖျားရဲ့ ဂုဏ်ကျေးဇူးနဲ့ သူ့ရဲ့ဇာတိသွေး၊ ဇာတိမာန်စစ်သွေးစစ်မာန်ကို နောင်လာနောက်သားတွေလည်း အောက်မေ့သိရှိနိုင်အောင် ဆရာတော်ကြီး အစီအစဉ်နဲ့ ရုပ်တုကို သွန်းလောင်းဖို့စီစဉ်ရတာဖြစ်ပါတယ်။ ရုပ်တုပုံစံကို မြန်မာမှုပညာရှင် ဦးဝင်း မောင် (တမ္ပဝတီ)ကနေ ရေးပေးထားသလို ဆရာတော်ကြီးကိုယ် တော်တိုင်လုပ်ငန်းခွင်ကို အကြိမ် ကြိမ်လာရောက်ကြည့်ရှုပြီး အခုဆိုရင် ဖယောင်းနဲ့မိုပြုလုပ်၊ မြေမံထားတဲ့အဆင့်ကို ရောက်နေပါပြီ။ ကြေးပိဿာချိန်စုစုပေါင်းတစ် ထောင်ကျော်အသုံးပြုပြီး ရုပ်တုအ မြင့် ၁၃ ပေ၊ ၆ လက်မရှိကာ လက်တစ်ဖက်က ဓားကိုင်ထားသလို လက် တစ်ဖက်ကလည်းလှံကိုင်ထားတဲ့ ပုံစံ၊ လာမယ့်ဧပြီလအတွင်း လုပ်ငန်း အားလုံးပြီးစီးအောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်''ဟု ပြည့်ဝကြေးသွန်းလုပ်ငန်းမှ ပညာရှင်ဦး အောင် အောင်မိုးက ဖေဖော်ဝါရီ ၁၂ ရက်တွင် ပြောကြားသည်။


အင်းဝမြို့ဟောင်းကို မြန်မာသက္ကရာဇ် ၇၂၆ (အေဒီ ၁၄ရာစု) တွင် ဘုရင်သတိုးမင်းဖျားက စတင်တည်ထောင်ခဲ့ပြီး ခေတ်လေး ခေတ်ထွန်းကားခဲ့ကာ မင်းဆက် ပေါင်း ၃၁ ဆက်အထိအဆင့်ဆင့် ထီးနန်းစိုးစံခဲ့ကြကြောင်း၊ ယခုသွန်း လောင်းနေသည့် ဘုရင်သတိုးမင်း ဖျားကြေးသွန်းရုပ်တုပြီးစီးပါက အင်းဝမြို့ဟောင်း၊ စည်တိုပုံမြို့ရိုး ၏ တောင်ဘက်၊ ဥတည်ရပ်ကွက်အနီးရှိ မြေနေရာတွင် စိုက်ထူထားရှိရန် လျာထားကြောင်း၊ မြို့ရိုးအတွင်း၌ ရှေးဟောင်းအဆောက်အအုံ စုစုပေါင်း ၇၈ ခု၊ လူနေအ ဆောက်အအုံ စုစုပေါင်း ၂ဝဝနှင့် ဘုန်းကြီးကျောင်းခုနစ်ကျောင်းရှိ ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တ လေးဌာနခွဲ)မှ သိရသည်။

 

KSA

#democracytoday

Rate this item
(0 votes)
back to top