HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

တရားနာပြီး ထအပြန် ကျောင်းဆောင် ကြမ်းခင်း ပြိုကျ၍ အမျိုးသမီး ၁၉ ဦး ဒဏ်ရာရရှိ

မကွေး၊ အောက်တိုဘာ ၉

 

မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်၊ စစ်တလင်းအုပ်စု ကွင်းကျေးရွာတွင် အောက်တိုဘာ ၈ ရက် ညနေပိုင်းက ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း ကြမ်းခင်းပြိုကျမှုဖြစ်ပွားခဲ့၍ လူ ၁၉ ဦးဒဏ်ရာများရရှိခဲ့ကြောင်း ဝါးကြီး အိုင်နယ်မြေရဲစခန်းမှ သိရသည်။ 

 

 

ဖြစ်စဉ်မှာ မြို့သစ်မြို့နယ် ကွင်း ကျေးရွာရှိ စိတ္တသုခရွာဦးကျောင်း တိုက်တွင် အောက်တိုဘာ ၈ ရက် ညနေ ၃ နာရီခွဲခန့်က ဘုန်းတော် ကြီးကျောင်းပေါ်ရှိ အခန်းနှစ်ခန်း ပြိုကျ၍ လူများဒဏ်ရာများရရှိမှု ဖြစ်ပေါ်ခဲ့ကြောင်း သတင်းအရ ဝါးကြီးအိုင်နယ်မြေရဲစခန်းမှူး ရဲအုပ် မင်းမင်းစိုးနှင့်အဖွဲ့ သွားရောက်စစ် ဆေးရာ အဆိုပါနေ့မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်က စိတ္တသုခရွာဦး ကျောင်းတိုက်တွင် မကွေးမြို့၊ မာန် အောင်ရပ်ကွက်နေ ကထိန်ဒါယကာ ဦးကျော်ဝင်း၊ ဒါယိကာမ ဒေါ်လှလှ လေးတို့မှ လှူဒါန်းသည့်ကထိန် အလှူရေစက်ချတရားနာပွဲအား ဘုန်းတော်ကြီးကျောင်းပေါ်၌ ပြုလုပ်ပြီး တရားနာယူပြီးနောက် တရားနာပရိသတ် ၅ဝ ခန့်တို့သည် ကျောင်းပေါ်မှဆင်းရန် ပြုလုပ်စဉ် ဘုန်းတော်ကြီးကျောင်းနောက်ဆုံး အခန်းအကျယ် ၁ဝ ပေ ပတ်လည်ခန့် အခန်းနှစ်ခန်း၊ အမြင့် ရှစ်ပေခန့် (လှေကားထိပ်အပေါက်ဝ) အရောက်တွင် ပျဉ်ကြမ်းခင်းအောက်ရှိ အရှေ့ ဘက်ဆုံး ရက်မနှစ်ချောင်းမှာ ကျိုးကျခဲ့သဖြင့် လူများကျောင်းအောက် သို့ပြုတ်ကျခဲ့ပြီး ကွင်းကျေးရွာနေ အမျိုးသမီး ၁၉ ဦးမှာ ဒဏ်ရာများအသီးသီးရရှိခဲ့ခြင်းဖြစ်သည်။

 


''ပြုတ်ကျတာ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၅ဝ ဗျ၊ ဒီအထဲမှာမှ အမျိုးသမီး ၁၉ ဦးသာဒဏ်ရာရတာ''ဟု ဝါးကြီးအိုင်နယ်မြေရဲစခန်းမှူး ရဲအုပ်မင်းမင်းစိုးက ပြောသည်။ ဒဏ်ရာရရှိသူများမှာ မစိုးရိမ်ရ ဒဏ်ရာများသာ ရရှိခဲ့ပြီး ဒဏ်ရာရသူများအား ရဲဆေးစာဖြင့် တိုင်း ဒေသကြီး ပြည်သူ့ဆေးရုံသို့ ပို့ ဆောင် ဆေးကုသပေးခဲ့ကြောင်း သိရသည်။

 

TN
#democracytoday

Rate this item
(0 votes)
back to top