HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

မုံရွာရှိ ကျောက္ကာ ရေနံချက်ဖို မီးလောင်မှု စစ်ကိုင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက် စစ်ဆေး

မုံရွာရှိ ကျောက္ကာ ရေနံချက်ဖို မီးလောင်မှု စစ်ကိုင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက် စစ်ဆေး

မုံရွာ၊ မတ် ၁၂

စစ်ကိုင်းတိုင်းဒေသကြီးရှိ အကြီးဆုံးရေနံ ချက်ဖိုဖြစ်သော ကျောက္ကာရွာ ရေနံဖိုမှာ မတ် ၁၂ ရက် နံနက် ၉ နာရီခွဲက မီးလောင်မှုဖြစ်ပွားရာ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် သွားရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။ ကျောက္ကာရေနံဖိုသည် မုံရွာ မြို့ အရှေ့ဘက် ရှစ်မိုင်အကွာတွင် တည်ရှိပြီး မီးလောင်ရာသို့ မုံရွာ မြို့မှ မီးသတ်ယာဉ် ကိုးစီး၊ ရေ သယ်ယာဉ် နှစ်စီး၊ သန္ဓေမီးသတ် ၄ဝ၊ အရန်အင်အား ၅ဝ ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့သည်။


''ချက်ဖိုဆီကန်အဖုံးမလုံလို့ ရေနံစိမ်းတွေ လျှံကျရာကနေ မီးဖို ပေါ်ကျပြီး အဆောက်အအုံကို မီးကူးလောင်တာပါ။ ဝန်ကြီးချုပ် ကိုယ်တိုင်လာပါတယ်''ဟု မုံရွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးညီညီ ဇော်က ပြောသည်။ မီးလောင်မှုဖြစ်ရာ ကျောက္ကာ မြောက်ရွာ ရေနံချက်ဖိုများတွင် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်း ရေးနှင့် သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးလုပ်ငန်းများ အလေးပေးဆောင်ရွက်ရန်တို့ကို ဝန်ကြီးချုပ်ကမှာကြားခဲ့ကြောင်းသိရသည်။ မီးလောင်မှုကြောင့် ရေနံစိမ်း ၁၅ ဂါလန်နှင့်သွပ်မိုးမြေစိုက် အဆောက်အအုံတစ်လုံး မီးလောင်ကျွမ်းဆုံးရှုံးကာချက်ဖိုတာဝန်ခံ ဦးဌေးညွန့်(၄၆)နှစ်အား မုံရွာမြို့နယ်မြေစခန်းမှ (ပ)၇၃/ ၂ဝ၁၈၊ ပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့်ထား ကြောင်းသိရသည်။


KTS

#democracytoday

Rate this item
(0 votes)
back to top