HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

အသက် ၁၃ နှစ်သားက မြို့တော် အုပ်ချုပ်ရေးမှူး အဖြစ် ဝင်ရောက် ယှဉ်ပြိုင်  

အသက် ၁၃ နှစ်သားက  မြို့တော် အုပ်ချုပ်ရေးမှူး  အဖြစ် ဝင်ရောက် ယှဉ်ပြိုင်   

ဗာမောက်

အသက် ၁၃ နှစ်သားအရွယ်သာရှိသေးတဲ့ အီသန်ဆွန်နီဘွန်းဆိုတဲ့ လူငယ်လေးဟာ ဘရစ္စတိုးလ်အလယ်တန်းကျောင်းမှာ အဋ္ဌမတန်းအဆင့်မှာ တက်ရောက်သင်ကြားနေသူ လေးဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ လွန်ခဲ့တဲ့ နှစ်က နိုင်ငံရေးရည်မှန်းချက် ကြီးမားသူဖြစ် ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သူဖြစ်ပြီး သူဟာ ဗာမောက်မြို့တော်အုပ်ချုပ်ရေးမှူးအဖြစ် ဝင် ရောက်အရွေးခံမယ့် ကိုယ်စားလှယ်လောင်း စာရင်းမှာ ပါဝင်လာခဲ့ပါတယ်။


ဆွန်နီဘွန်းဟာ သူ့ရဲ့ မဲဆွယ်စည်းရုံး လှုံ့ဆော်မှုအဖြစ် လက်နက်ထိန်းချုပ်ရေးကို အဓိကထားပြီး စည်းရုံးလှုပ်ရှားနေပါတယ်။ ဗာမောက်ဒီမိုကရက်တစ်ပါတီ အလုပ်အမှု ဆောင်ဒါရိုက်တာကိုနာကေဆီကတော့ ဆွန်နီဘွန်းနဲ့ပတ်သက်လို့ အခြားပြောစရာမရှိပေမယ့် မြို့တော်အုပ်ချုပ်ရေးမှူးရွေးကောက်ပွဲမှာ သူ့ကို အဓိကစိန်ခေါ်နေတာကတော့ သူ့ရဲ့ အသက်အရွယ်ပဲဖြစ်တယ်လို့ဆိုပါတယ်။

Ref: UPI
#theyangontimes

Rate this item
(0 votes)
back to top