HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

မကွေးမြို့တွင် မိုးရွာပြီး လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ် ၁ဝ၂ လုံး အမိုးလန် ပျက်စီး

မကွေးမြို့တွင် မိုးရွာပြီး လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ် ၁ဝ၂ လုံး အမိုးလန် ပျက်စီး

မကွေး၊ မေ ၁၄

မကွေးတိုင်းဒေသကြီး မကွေးမြို့တွင် မေ ၁၃ ရက်က မိုးရွာလေ ပြင်းတိုက်ခတ်မှုကြောင့် မြို့တွင်းရှိနေအိမ် ၁ဝ၂ အိမ်ခန့် အမိုးအလန်ပျက်စီးမှုဖြစ် ပေါ်ခဲ့ကြောင်း မကွေးမြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးဦးစီးဌာနမှသိရသည်။ ''သစ်ပင်ကြီးတွေက အကြီးကြီးတွေ လဲနေတာဖြစ်တဲ့အတွက် ကျွမ်းကျင်အလုပ်သမားတွေနဲ့ ရှင်းလင်းမှုတွေဆောင်ရွက် နေတယ်။ မကွေးတိုင်းဒေသကြီးကယ်ဆယ် ရေးနဲ့ ပြန်လည်နေရာချထားရေးဌာနပူး ပေါင်းပြီး ကယ်ဆယ်ရေးပစ္စည်းတွေပေးဖို့ ဆောင်ရွက်နေပါတယ်''ဟု မကွေးမြို့နယ် အုပ်ချုပ်ရေးဦးစီးမှူး ဦးမြင့်လွင်က ပြောသည်။

မိုးရွာလေပြင်းတိုက်ခတ်မှုကြောင့် မကွေးမြို့နယ်အတွင်းရှိ ရပ်ကွက်နှစ်ရပ် ကွက်နှင့် ကျေးရွာ ၁၂ ရွာတို့တွင် နေအိမ်အမိုးလန်ခြင်း၊ နေအိမ်များပေါ်သို့သစ် ပင်ပိခြင်းများကြောင့် အိမ် ၁ဝ၂ လုံး ပျက်စီးခဲ့သည်။ ''မေ ၁၃ ရက် လေပြင်းတိုက်ခတ်မှု နဲ့ပတ်သက်လို့ စာရင်းတက်လာရင်တော့ ကျွန်တော်တို့ဌာနက ကယ်ဆယ်ရေးပစ္စည်း တွေ ထောက်ပံ့မယ်။ ဆန်ထောက်ပံ့မှုတွေ ဆောင်ရွက်သွားမှာပါ''ဟု ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မကွေးတိုင်း ဒေသကြီးဦးစီးမှူး ဦးမြင့်စိုးက ပြောကြားသည်။


မကွေးတိုင်းဒေသကြီးအတွင်း ၂ဝ၁၈ ခုနှစ် ဧပြီမှ မေ ၁ဝ ရက်အထိ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁ဝ၂ လုံးပြို ကျပြီး နေအိမ် ၁၆၈၆ အိမ်အမိုးလန်ခဲ့ပြီး လေပြင်းတိုက်ခတ်သစ်ပင်ပိ၍ လူတစ်ဦး သေဆုံးခဲ့ကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။ ယင်းလေပြင်းတိုက်ခတ်မှုနှင့် အိမ် ပြိုကျပျက်စီးသည့်အိမ်များ သေဆုံးသူနှင့် ဒဏ်ရာရရှိသူများကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မကွေးတိုင်းဒေသ ကြီးဦးစီးရုံးမှ ဆန်နှင့်အိမ်ဆောက်ပစ္စည်း ထောက်ပံ့ကူညီပေးမှု ငွေကျပ်သိန်း ၈၈၃၉ဝ၁ဝဝ ဖိုး ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။

ZZ

#democracytoday

Rate this item
(0 votes)
back to top