HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

ကျောင်းအပ် လက်ခံချိန်တွင် ကျူရှင်တက်ရန် ဆွဲဆောင်ခြင်းနှင့် ငွေကြေး ကောက်ခံခြင်းများ မပြုလုပ်ရန် ဆရာ၊ ဆရာမများကို ညွှန်ကြားမည်

ကျောင်းအပ် လက်ခံချိန်တွင် ကျူရှင်တက်ရန် ဆွဲဆောင်ခြင်းနှင့် ငွေကြေး ကောက်ခံခြင်းများ မပြုလုပ်ရန် ဆရာ၊ ဆရာမများကို ညွှန်ကြားမည်

ရန်ကုန်၊ မေ ၁၄ 

အခြေခံပညာ ကျောင်းများတွင် ကျောင်းအပ်လက်ခံချိန်၌ ကျောင်းသား၊ ကျောင်းသူများကို ဆရာ၊ ဆရာမများက ကျူရှင်တက်ရန်ဆွဲဆောင်ခြင်း၊ ငွေကြေး ကောက်ခံခြင်းများမပြုလုပ်ရန် ညွှန် ကြားမည်ဖြစ်ကြောင်းသိရသည်။ လာမည့် ၂၅ရက်မှ ၃၁ရက်အထိသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ပြုလုပ်မည့် ကျောင်းအပ်နှံ ရေးသီတင်းပတ်ဖြစ်သည့်အတွက် ကျောင်းအပ်လာသော ကျောင်းသား၊ ကျောင်းသူများထံမှ မည်သည့်ငွေ ကြေးမှ ကောက်ခံခြင်းမပြုလုပ်ရန်၊ အလှူခံခြင်းမပြုလုပ်ရန်နှင့် ကျူရှင်ဆွယ်ခြင်းများမပြုလုပ်ရန် ညွှန်ကြားမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ယင်းကိစ္စများဖြစ်ပွားခြင်းကြောင့် တိုင်ကြားခြင်းခံရပါက ဌာနဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း အ ခြေခံပညာဦးစီးဌာနမှ သိရသည်။

''ညွှန်ကြားမှာပါ။ ဒီကိစ္စတွေ မလုပ်ဖို့အတွက် နှစ်တိုင်းညွှန်ကြား နေကျပါ။ ဒီလိုညွှန်ကြားပေမယ့်လည်း တချို့တလေရှိလာတော့ စုံစမ်းစစ်ဆေးပြီး အရေးယူခဲ့ရတာ တွေလည်းရှိတယ်။ ဒါကြောင့်ညွှန် ကြားချက်တွေ လုပ်ပါလိမ့်ဦးမယ်။ကျောင်းအပ်နှံရေး သီတင်းပတ်မတိုင်ခင်မှာ တိုင်းဒေသကြီး၊ ပြည်နယ် အလိုက် ကျောင်းမဖွင့်မီမှာလုပ်လေ့ရှိတဲ့ အစည်းအဝေးတွေမှာလည်း ဒီကိစ္စတွေမလုပ်ဖို့အတွက် ထည့်သွင်းပြောကြားတာတွေလည်း ရှိပါမယ်''ဟု အခြေခံပညာဦးစီးဌာန မှအရာရှိတစ်ဦးက မေ ၁၄ ရက်တွင် ပြောကြားသည်။


ပညာရေးဝန်ကြီးဌာနအနေ ဖြင့် ယခင်နှစ်ကျောင်းအပ်နှံရေး သီတင်းပတ်မတိုင်ခင်က ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများသို့ မေတ္တာရပ်ခံသည့် အသိပေးစာများကို နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် အသိပေးကြေညာခဲ့ကြောင်း၊ အဓိကအသိပေးသည့် အကြောင်းအရာမှာ ကျောင်းအပ်သည့်အခါတွင် ဆရာ၊ ဆရာမများထံသို့ ကျူရှင်ထားရန်ချဉ်းကပ်ခြင်း၊ တံစိုးလက်ဆောင်များပေးခြင်းများ မပြုလုပ်ရန်ကိုအသိ ပေးကြေညာခဲ့ကြောင်းသိရသည်။ ကျောင်းအပ်နှံရေးနေ့သည် ယခုလ၂၅ ရက်မှ ၃၁ ရက်အထိဖြစ် ပြီး ကျောင်းအပ်နှံရေး ရက်သတ္တပတ်အတွင်း ကျောင်းလာရောက်အပ်နှံခြင်းမရှိသော ကျောင်းသား၊ ကျောင်းသူများကို အိမ်တိုင်ရာရောက် ကျောင်းအပ်နှံခြင်းများ ပြုလုပ်နိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ 

ATK

#democracytoday

Rate this item
(0 votes)
back to top