HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

အင်းဝမြို့တွင် စိုက်ထူ ထားရှိမည့် သတိုးမင်းဖျား ကြေးသွန်းရုပ်တု၏ ကိုယ်ထည်ပိုင်း သွန်းလောင်း ပြီးစီး၊ အချောကိုင် လုပ်ငန်းများ ဆက်လက် လုပ်ဆောင်နေ

အင်းဝမြို့တွင် စိုက်ထူ ထားရှိမည့် သတိုးမင်းဖျား ကြေးသွန်းရုပ်တု၏ ကိုယ်ထည်ပိုင်း သွန်းလောင်း ပြီးစီး၊ အချောကိုင် လုပ်ငန်းများ ဆက်လက် လုပ်ဆောင်နေ

မန္တလေး၊ မေ ၁၅

သီတဂူဆရာ တော်ကြီး၏ ဦးဆောင်စီစဉ်မှုဖြင့် အင်းဝမြို့တည်နန်းတည် မင်းတရားကြီး သတိုးမင်းဖျား၏ ကြေးသွန်း ရုပ်တုတော်ကြီးကို မန္တလေးမြို့၌ အပိုင်းလိုက် ကြေးသွန်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုခါ နောက်ဆုံးကိုယ်ထည်ပိုင်းသွန်းလောင်ပြီးစီးပြီဖြစ်၍ ဂဟေဆက်အချောကိုင်လုပ်ငန်းများ စတင်ဆောင်ရွက်တော့မည်ဖြစ် ကြောင်းသိရသည်။

မြန်မာ့သမိုင်းဝင် ရုပ်တုများကို သီတဂူဆရာတော်ကြီးမှ လုပ်ငန်းတစ်ရပ်သတ်မှတ်၍ အထင်ကရ နေရာများ၌ စိုက်ထူရန်စီမံချက်ချ ဆောင်ရွက်လျက်ရှိရာ အင်းဝမြို့ တည်နန်းတည် မြန်မာ့မင်းတစ်ပါး အဖြစ်ပြည်တွင်း၊ ပြည်ပဧည့်သည် များသိရှိရန် အင်းဝဘုရင်သတိုးမင်းဖျား (၇၂၆-၇၂၉)၏ ကြေးသွန်း ရုပ်တုကို မန္တလေးတမ္ပဝတီရပ် ပြည့်ဝကြေးသွန်းလုပ်ငန်းမှ အင်းဝ ခေတ်ဘုရင်မင်းမြတ် ဝတ်စားဆင်ယင်မှု အဆောင်အယောင်များနှင့်အညီ အချိုးအနားကျနစွာတာဝန် ယူသွန်းလုပ်နေခြင်း ဖြစ်သည်။ 

 

''သတိုးမင်းဖျားရုပ်တုတော် အမြင့် ၁၃ ပေခွဲရှိပါတယ်။ ပင်မ ဖြစ်တဲ့ ကိုယ်လုံးတော် အစိတ်အပိုင်းကြီးကို သုံးပိုင်းခွဲသွန်းလောင်းတာပါ။ လက်တော်အစိတ်အပိုင်းတွေ၊ ဓား၊ အင်္ကျီ၊ တဘက် စတာတွေ ကိုပါ သီးခြားစီသွန်းလောင်းရပါ တယ်။ စုစုပေါင်း အစိတ်အပိုင်း ၁ဝ ခု လောက်သွန်းလောင်းတာ မီးအပူလျော့သွားရင် ပင်မအစိတ်အပိုင်းတွေနဲ့ အစိတ်အပိုင်းငယ် တွေကို ကြေးဂဟေနဲ့ဆက်ပြီး အချောကိုင်မှာ ဖြစ်ပါတယ်။ ကြေးချိန်စုစုပေါင်း ၁၂ဝဝ ပိဿာရှိပါတယ်''ဟု ပြည့်ဝ ကြေးသွန်းလုပ်ငန်းမှ ကိုအောင်အောင်မိုးက မေ ၁၄ ရက်တွင် ပြောကြားသည်။  အင်းဝဘုရင် သတိုးမင်းဖျား၏ ကြေးသွန်းရုပ်တုကြီး ပြီးစီးပါက အင်းဝနန်းမြို့တော်အတွင်း အများပြည်သူ လေ့လာကြည့်ရှုနိုင်ရန် စိုက်ထူထားရှိမည်ဖြစ်ရာ လတ်တလောအနေဖြင့် နန်းမြို့ ရိုးအရှေ့ဘက်အဝင်နှင့် မယ်နု အုတ်ကျောင်းအနီး ကွက်လပ်နေ ရာများတွင်ထားရှိနိုင်ရန် နေရာ ရွေးချယ်ထားကြောင်း သိရသည်။

DW

#democracytoday

Rate this item
(0 votes)
back to top