HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

ညောင်ဦးမြို့တွင် ခွေးရူးရောဂါ ကင်းစင်ရေးအတွက် ကာကွယ်ဆေးများ မြို့နယ်လုံးကျွတ် ကွင်းဆင်း ထိုးနှံပေးနေ

ညောင်ဦးမြို့တွင် ခွေးရူးရောဂါ ကင်းစင်ရေးအတွက် ကာကွယ်ဆေးများ  မြို့နယ်လုံးကျွတ် ကွင်းဆင်း ထိုးနှံပေးနေ

ညောင်ဦး၊ မေ ၁၅

မန္တလေး တိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်တွင် မြို့နယ်လုံး ကျွတ်ခွေးရူးရောဂါကင်းစင်ပပျောက် စေရေးအတွက် ရည်ရွယ်၍ ဒုတိယအကြိမ်မြောက် ခွေးရူးရောဂါ ကာကွယ်ဆေးများ ကွင်းဆင်းထိုး နှံပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ မေ ၁၅ ရက်အထိ ခွေးနှင့်ကြောင်အကောင်ရေ ၂ဝဝဝဝ ခန့် ထိုးနှံပြီးစီးပြီဖြစ်၍ ၉ဝ ရာခိုင်နှုန်းခန့်ထိုးနှံပြီးစီးပြီဖြစ် ကြောင်းသိရသည်။

အဆိုပါ ခွေးရူးရောဂါကာ ကွယ်ဆေးထိုးနှံမှုကို ညောင်ဦးမြို့ နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ FOUR PAWS နှင့် မင်္ဂလာ မြန်မာ ခွေးရူးရောဂါကာကွယ်နှိမ်နင်းရေးအဖွဲ့တို့ ပူးပေါင်း၍ ဧပြီ ၂၆ ရက်မှစတင်ကာ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက် နေခြင်းဖြစ်ပြီး ယခုလက်ရှိအနေ ဖြင့် ညောင်ဦးတစ်မြို့နယ်လုံးအနေ ဖြင့် ခွေး၊ ကြောင် အကောင်ရေ ၂ဝဝဝဝ ခန့် ထိုးနှံပြီးစီးသွားပြီဖြစ်၍ ရာခိုင်နှုန်းအားဖြင့် ၉ဝ ရာခိုင်နှုန်း ခန့် ထိုးနှံပြီးစီးသွားပြီ ဖြစ်သည်။


''မြို့နယ်လုံးကျွတ်အနေနဲ့ဆိုရင် ခွေး၊ ကြောင် အကောင်ရေ ၂၃ဝဝဝ ခန့်ထိုးနှံပြီးစီးဖို့ လျာထား ဆောင်ရွက်နေပါတယ်။ ကျွန် တော်တို့ ရည်မှန်းထားတဲ့ ခွေးနဲ့ ကြောင် အကောင်ရေ ၂၃ဝဝဝ အားထိုးနှံပြီးစီးနိုင်ရေးအတွက်ကိုလည်း ကျန်ရှိတဲ့ကျေးရွာတွေကို ကွင်းဆင်းထိုးနှံနေပါတယ်။ ယခုလ တတိယအပတ်လောက်မှာတော့ မြို့နယ်လုံးကျွတ် ခွေးရူးရောဂါကာ ကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း ပြီးစီးသွားမယ်လို့ မျှော်မှန်းထားပါတယ်'' ဟု ညောင်ဦးမြို့နယ် မွေးမြူရေး နှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာ သန်းထွန်းစိန်က ပြောကြားသည်။ ခွေးရူးရောဂါကာကွယ်ဆေး ထိုးရာတွင် ခွေးများအပြင် အိမ်မွေး ကြောင်များကိုပါ ထိုးနှံပေးခြင်း ဖြစ်ကြောင်းသိရသည်။


YWN

#democracytoday

Rate this item
(1 Vote)
back to top