HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

ကလေးနှင့် ချင်းတောင်ဒေသမှ ပြည်သူများ မန္တလေးနှင့် ရန်ကုန်သို့ သွားလာမှု များပြားလာသည့် အတွက် ယာဉ်လိုင်းများ တိုးချဲ့ ပြေးဆွဲနေရ

ကလေးနှင့် ချင်းတောင်ဒေသမှ ပြည်သူများ မန္တလေးနှင့် ရန်ကုန်သို့ သွားလာမှု များပြားလာသည့် အတွက် ယာဉ်လိုင်းများ တိုးချဲ့ ပြေးဆွဲနေရ

ကလေး၊ မေ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နှင့် ချင်းတောင်ဒေသမှ ပြည်သူများမန္တလေးနှင့်ရန်ကုန်သို့ သွားလာမှုများပြားနေသည့်အတွက် ယခုရက်ပိုင်းတွင်ကလေး-မန္တ လေး၊ ရန်ကုန်ပြေးဆွဲသည့်ယာဉ်လိုင်းများစီးရေတိုးချဲ့ပြေးဆွဲပေး နေရကြောင်း ကလေးမြို့နယ်ပုဂ္ဂလိကမော်တော်ယာဉ်များစနစ်တကျပြေးဆွဲရေးကော်မတီမှတာဝန် ရှိတစ်ဦးက မေ ၁၅ ရက်တွင်ပြော ကြားသည်။

''ချင်းပြည်နယ်မြောက်ပိုင်း ဟားခါး၊ ဖလမ်း၊ တီးတိန်ဒေသခရီးသွားတွေ အားလုံးကလေးမြို့က တစ်ဆင့်မန္တလေးနဲ့ရန်ကုန်ကိုသွား ကြတယ်။ ကလေးဒေသဘက်က ခရီးသည်တွေနဲ့ ပေါင်းလိုက်တဲ့အ ခါ ခရီးသွားတွေနေ့စဉ်များနေတယ်။ အခုဆိုရင်ကလေး-မန္တလေး၊ ရန်ကုန်ကားလိုင်းအားလုံးခရီးသည် ရကြတယ်။ တချို့ကားဂိတ်တွေဆိုရင် ရှေ့သုံးရက်စာလောက် လက်မှတ်ကုန်နေတဲ့အပြင် နေ့စဉ်လည်း ကားစီးရေတိုးပြေးဆွဲနေရတယ်'' ဟု ကလေးမြို့နယ်ပုဂ္ဂလိကမော် တော်ယာဉ်များစနစ်တကျပြေး ဆွဲရေးကော်မတီဥက္ကဋ္ဌဦးစိုးဝင်း ကပြောကြားသည်။ ကလေး-မန္တလေး၊ ရန်ကုန် ခရီးစဉ်များတွင် ရိုးရိုးကားနှင့်အ ဆင့်မြင့်ဘတ်စ်ကားဟူ၍ ပြေးဆွဲ လျှက်ရှိရာ တက်လမ်း၊ ဟိုက်ဂလပ်၊ ရွှေမန္တလာ၊ ချင်းတောင်တန်း၊ တင့်တိုင်းအောင်၊ ရွှေစင်္ကြာစသည် ကားသင်းများမှာ အဆင့်မြင့်ဘတ်စ်ကားကြီးများဖြစ်သည်။


ကလေးမြို့-မန္တလေး၊ ပြေးဆွဲသည့်ကားနှင့်ကလေးမြို့-ရန်ကုန် တိုက်ရိုက်ပြေးဆွဲသည့်ကားဟူ၍ ယာဉ်လိုင်းများရှိရာယခုရက်ပိုင်းတွင် ကလေး-ရန်ကုန်ပြေးဆွဲသည့် ယာဉ်လိုင်းခြောက်လိုင်းအထိတိုးချဲ့ပြေးဆွဲနေပြီး အချို့ယာဉ်လိုင်းများတွင်ခရီးသွားဦးရေများပြား နေသည့်အတွက် ယာဉ်စီးရေတိုး ချဲ့ပြေးဆွဲနေရကြောင်း ကလေး- ရန်ကုန်ပြေးဆွဲသည့် ကားအသင်းမှ ဦးသန်းအောင်က ပြောကြားသည်။ ကလေး- ရန်ကုန်ခရီးစဉ်တွင် ရိုးရိုးယာဉ်စီးခ ကျပ် ၂၅ဝဝဝ ဖြစ်ပြီး အထူးယာဉ်စီးခမှာ ကျပ် ၃ဝဝဝဝ ဖြစ်သည်။ ကလေးမြို့တွင် ကားဝင်းသုံးခုရှိရာတွင် အဝေး ပြေးကားကြီးဝင်း၊ ကားလေးဝင်းနှင့် မြန်မာ-အိန္ဒိယနယ်စပ် ကလေး-ရိဒ် ပြေးဆွဲသည့် ကားဝင်းတို့ဖြစ်ကြောင်း သိရသည်။

MOS

#democracytoday

Rate this item
(0 votes)
back to top