HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

ပုဂံဒေသရှိ လောကနန္ဒာ စွယ်တော်မြတ် စေတီတော် စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော် တင်လှူ

ပုဂံဒေသရှိ လောကနန္ဒာ စွယ်တော်မြတ် စေတီတော် စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော် တင်လှူ

ပုဂံ၊ ဇွန် ၁၁ 

မန္တလေးတိုင်း ဒေသကြီး၊ ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ကောဇာသက္ကရာဇ် ၃၉၃ ခုနှစ်က အနော်ရထာမင်းကြီး တည်ထားကိုးကွယ် တော်မူခဲ့သော စွယ်တော်လေးဆူအနက် တစ်ဆူအပါအဝင်ဖြစ်သည့် ပုဂံမြို့သစ်ရှိ လောကနန္ဒာစွယ်တော် မြတ်စေတီတော်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်တင်လှူပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ဇွန် ၁ဝ ရက် နံနက် ၇ နာရီက စေတီတော်ရင်ပြင်၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် သီတဂူဆရာတော်ရှင်ဥာဏိဿရထံမှ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦး အောင်ကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်/မြို့ နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများက ကိုး ပါးသီလခံယူဆောက်တည်ကြပြီး သီတဂူဆရာတော်နှင့် ပင့်သံဃာဆရာတော်ကြီးများက အန္တရာယ် ကင်းပရိတ်တရားများ ရွတ်ဖတ်သရ ဇ္ဈာယ်ကြကာ အလှူရှင်များက ပရိတ်ရေ၊ ပရိတ်သဲ၊ ပရိတ်ချည်နှင့် ပရိတ်ပန်းတို့ကို လောကနန္ဒာစွယ် တော်မြတ်စေတီတော်ကြီးအား လက်ယာရစ်ပူဇော်ကန်တော့ခဲ့ကြသည်။ 

 

ဆက်လက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည် တော်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ဆရာတော်ကြီးများထံ သာသနာရေးဆိုင်ရာများကို လျှောက်ထားကြပြီး စေတီတော်ကြီး၌ တင်လှူပူဇော်မည့် ရတနာစိန်ဖူး တော်နှင့် လှူဖွယ်ပစ္စည်းများကို လည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်(ငြိမ်း)နှင့်ဇနီးတို့က ရတနာ ငှက်မြတ်နားတော်နှင့် လှူဖွယ် ပစ္စည်းများကိုလည်းကောင်း သီတဂူဆရာတော်ကြီး ရှင်ဥာဏိဿရထံ ကပ်လှူပူဇော်ခဲ့ကြသည်။


စေတီတော်အား တင်လှူပူ ဇော်မည့် စိန်ဖူးတော်၊ ငှက်မြတ် နားတော်နှင့် ရွှေထီးတော်တို့အား ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်များနှင့် တာဝန်ရှိသူများက စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်တို့အား ပင့်ဆောင်၍ စေတီတော်ကို လယ်ယာရစ်လှည့် လည်ပူဇော်ခဲ့ကြပြီး ရတနာပန်းရ ထားဖြင့် စေတီတော်အထွတ်သို့ တင်လှူပူဇော်ခဲ့ကြကြောင်း သိရသည်။


YWN

#democracytoday

Rate this item
(0 votes)
back to top