HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

တရုတ်နိုင်ငံ တယ်ဟုန်ပြည်နယ်ခွဲ သတင်းမီဒီယာမှ ကချင်ပြည်နယ် အစိုးရအဖွဲ့သို့ စာအုပ်နှင့် စီဒီခွေများ လှူဒါန်း

တရုတ်နိုင်ငံ တယ်ဟုန်ပြည်နယ်ခွဲ သတင်းမီဒီယာမှ ကချင်ပြည်နယ် အစိုးရအဖွဲ့သို့ စာအုပ်နှင့် စီဒီခွေများ လှူဒါန်း

မြစ်ကြီးနား၊ ဇွန် ၁၂

ကချင်ပြည် နယ်အစိုးရအဖွဲ့သို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် တယ်ဟုန်ပြည်နယ်ခွဲသတင်းမီဒီယာအုပ်စုစာအုပ်၊ စာနယ်ဇင်းနှင့် စီဒီခွေများကို ဇွန် ၁၁ ရက်က မြစ်ကြီးနားမြို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ မလိခခန်းမတွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

''အဆွေတော်တို့ လှူဒါန်းတဲ့ စာအုပ်တွေထဲမှာ အဆွေတော်တို့ဒေသအကြောင်း၊ ယဉ်ကျေးမှုထုံးစံတွေကို ကျွန်တော်တို့ပြည်သူ တွေအဆွေတော်တို့လှူဒါန်းထားတဲ့ စာအုပ်တွေကတစ်ဆင့် လေ့လာခွင့်ရရှိမှာဖြစ်ပါတယ်။ စာပေဖတ်ရှုခြင်းဆိုတာ ဦးနှောက်တွင် ရင်းနှီးမြှုပ်နှံမှုဖြစ်ပါတယ်။ စာကြည့်တိုက်ယဉ်ကျေးမှုပြန်လည်ဆန်းသစ်ချိန်မှာ အခုလိုစာအုပ် စာပေလှူဒါန်းပေးတဲ့ အဆွေတော်တို့ သတင်းမီဒီယာအဖွဲ့ရဲ့ စေတနာကို အသိအမှတ်ပြုကျေးဇူးတင်ပါတယ်''ဟု ကချင်ပြည်နယ်လူမှု ရေးဝန်ကြီးဒေါက်တာသင်းလွင်က ပြောကြားသည်။


ဆက်လက်၍ စာအုပ်စာ စောင်များ၊ ဆက်စပ်ပစ္စည်းများ လှူဒါန်းရခြင်းနှင့်ပတ်သက်ပြီး တယ်ဟုန်ပြည်နယ်ခွဲပါတီကော်မတီ၊ အမြဲတမ်းကော်မတီဝင်ပြည် နယ်ခွဲပါတီကော်မတီအတွင်းရေးမှူးက စာအုပ်လှူဒါန်းရခြင်းအ ကြောင်းများကိုရှင်းလင်းပြော ကြားသည်။ စာအုပ်လှူဒါန်းပွဲတွင် တယ်ဟုန်ပြည်နယ်ခွဲသတင်းမီဒီယာအုပ်စုမှ တရုတ်ဘာသာ၊ အင်္ဂလိပ်ဘာသာများဖြင့် စာအုပ်၊ စာနယ်ဇင်း ၃၈၁၃ အုပ်နှင့်စာအုပ်စင်အကြီး ၁၅ စင်၊ စာအုပ်စင်အ သေးငါးစင်၊ တီဗွီစင်တစ်ခု၊ Audio Product များအားပြည်နယ်လူမှု ရေးဝန်ကြီးထံလှူဒါန်းပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

DW

#democracytoday

Rate this item
(0 votes)
back to top