HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

ဘားအံမြို့တွင် ကရင်ရိုးရာ အစားအစာပြပွဲနှင့် တာလပေါ့ ဟင်းပြိုင်ပွဲ ကျင်းပ

ဘားအံမြို့တွင် ကရင်ရိုးရာ အစားအစာပြပွဲနှင့် တာလပေါ့ ဟင်းပြိုင်ပွဲ ကျင်းပ

ဘားအံ၊ ဇူလိုင် ၈

ပြည်တွင်း ပြည်ပခရီးသွားများအား ဆွဲဆောင်နိုင်ရန် ကရင်ရိုးရာအစားအစာများကို ပြန်လည်ဖော်ထုတ်နိုင်ရန်အတွက်ရည်ရွယ်၍ ကရင်ရိုးရာအစား အသောက်ပြိုင်ပွဲနှင့်ကရင်တာ လပေါ့ဟင်းပြိုင်ပွဲကို ဇူလိုင် ၈ ရက် နံနက်ပိုင်းက ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့ ကြောင်းသိရသည်။ ပြပွဲ၊ ပြိုင်ပွဲတွင် ဘားအံမြို့ရှိ စားသောက်ဆိုင်များမှ ကရင်ရိုးရာ အစားအစာများကိုပြသကြပြီး ဘားအံမြို့အတွင်းရှိ စားသောက် ဆိုင်များနှင့် ဘားအံမြို့အနီးဝန်းကျင်ရှိ ကျေးရွာများမှ ပြိုင်ပွဲဝင် ပေါင်း ၁၆ သင်းက ရိုးရာတာလ ပေါ့ဟင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ် ပြိုင်ခဲ့ကြသည်။

''ကျွန်တော်တို့ရဲ့ အဘိုး၊ အဘွားအစဉ်အဆက် ချက်ပြုတ်စား သောက်ခဲ့တဲ့ ကရင်ရိုးရာတာလ ပေါ့ဟင်းကို မေ့ပျောက်မသွားဖို့ ခေတ်လူငယ်တွေအနေနဲ့ ချက်ပြုတ်စားသောက်တတ်စေဖို့ပါ''ဟု မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း (ကရင်ဇုန်) ဥက္ကဋ္ဌ ဦအောင်မျိုးသန့်က ပြောသည်။ ယခုကျင်းပသော ကရင်ရိုးရာတာလပေါ့ဟင်းပြိုင်ပွဲတွင် ကရင်ရိုးရာအစားအစာများဖြစ်သည့် ကရင်တာလပေါ့ဟင်း၊ ဝက်ဝါးကျည်တောက်အစာသွတ်၊ ကရင်ရိုးရာငါးဆုပ်ဟင်း၊ ကရင်မုဆိုးဟင်း၊ ဆိတ်သားကရင်ချက်၊ ခံတက်ဟင်းချို၊ ခရမ်းကစော့သီးငါးပိထောင်း၊ ကရင်ရိုးရာဆန်ကောထမင်း၊ ပိန်း ဥမျှစ်ခရုဟင်းတို့ကိုလည်း ချက်ပြုတ် ပြသသွားပြီး လာရောက်လေ့လာ သူများအား အခမဲ့ကျွေးမွေးဧည့်ခံသွားမည်ဖြစ်သည်။


တာလပေါ့ဟင်းပြိုင်ပွဲတွင် တစ်ဖွဲ့လျှင်သုံးဦးဝင်ရောက်ယှဉ် ပြိုင်ရပြီး ပါဝင်သောအသားများ အနေနှင့် ကြက်၊ ဝက်၊ ငါး၊ ပုစွန်၊ ခရု၊ ဖား အစရှိသော အမည်ခြောက် မျိုးဖြင့်ချက်ပြုတ်ရမည်ဖြစ်ကာ အချိုမှုန့်၊ ဟင်းခတ်မှုန့် (ကြက်သား ရသာမှုန့်)တို့ကို လုံးဝအသုံးပြုမည် မဟုတ်ဘဲ တစ်ဖွဲ့လျှင် တစ်ပြည် ဝင်အိုးတစ်အိုးစာ ချက်ပြုတ်ရမည် ဖြစ်ကာ ဟင်းခတ်အမည်များဝယ် ယူနိုင်ရန်အတွက် တစ်ဖွဲ့လျှင် ငွေ ကျပ် ၁ဝဝဝဝ ထောက်ပံ့ပေးထားသည်။

KKTM

#democracytoday

Rate this item
(0 votes)
back to top