HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

မကွေးပရဟိတအသင်းကြီးမှ ယခုနှစ်အတွက်ချီးမြှင့်သည့် မကွေးဂုဏ်ရည်ဆုကို ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်နှစ်ဦးရရှိ

မကွေးပရဟိတအသင်းကြီးမှ ယခုနှစ်အတွက်ချီးမြှင့်သည့် မကွေးဂုဏ်ရည်ဆုကို ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်နှစ်ဦးရရှိ

မကွေး၊ ဇူလိုင် ၉- မကွေးတိုင်း ဒေသကြီး မကွေးပရဟိတအသင်း ကြီးအနေဖြင့် နှစ်စဉ် ဇူလိုင်လ ရောက်တိုင်း မကွေးမြို့နယ်အတွင်း ရှိ ပြည်သူလူထု၏ အသက်အိုး အိမ်စည်းစိမ်အား ကိုယ်ကျိုးမငဲ့ပဲ ပရဟိတစိတ်အပြည့်ဖြင့် ကူညီပေး နိုင်သည့် လူပုဂ္ဂိုလ်နှစ်ဦးအားရွေး ချယ်၍ မကွေးမြို့၏ဂုဏ်မြင့်အောင် စွမ်းဆောင်နိုင်သူများအဖြစ်သတ် မှတ်၍ မကွေးဂုဏ်ရည်ဆုရှင်အ ဖြစ် ဂုဏ်ပြုဆုငွေပေးအပ်သွား မည်ဖြစ်ကြောင်း၊ ယခုနှစ်တွင် နိုင် ငံ့ဝန်ထမ်းများဖြစ်သည့် ယာဉ်ထိန်း ဝန်ထမ်းနှစ်ဦးအား ရွေးချယ်ကြေ ညာခဲ့ကြောင်း သိရသည်။

မကွေးပရဟိတအသင်းကြီး ၏တည်ထောင်ခြင်း ခြောက်နှစ် ပြည့်အဖြစ် ယခုနှစ်တွင် မကွေး ဂုဏ်ရည် ပထမဆင့်အတွက် ယာဉ်ထိန်းရဲတပ်ကြပ်ကြီး ခင်မောင် စိုးနှင့် မကွေးဂုဏ်ရည်ဒုတိယဆင့် အတွက် ယာဉ်ထိန်းရဲမေ တပ်သား မပပဝင်းတို့ကို ရွေးချယ်ခဲ့သည်။

''ယာဉ်ထိန်းရဲတပ်ကြပ်ကြီး ဦးခင်မောင်စိုးကို မကွေးမြို့ဒေသခံ ပြည်သူတွေ မသိသူမရှိပါဘူး။ နေပူမရှောင်၊ မိုးရွာမရှောင် သူတာဝန်ကျရာနေရာမှာ မခိုမကပ်ပဲ အမြဲလမ်းပေါ်မှာ လမ်းရှင်းပေးနေတဲ့ အတွက် မြို့ခံလူထုတွေနဲ့ ကား၊ ဆိုင်ကယ်စီးနင်းသူတွေရဲ့ လေးစား ချစ်ခင်မှုကို အပြည့်အဝရရှိထား သူဖြစ်တဲ့အတွက် ပြည်သူ့ဝန်ထမ်း ကောင်းတစ်ဦးအဖြစ် သတ်မှတ် ပေးတာပါ။ ယာဉ်ထိန်းရဲမေ တပ် သားမပပဝင်းဟာလည်း အသက်ငယ်ရွယ်ပြီး လုပ်သက်နုသေးသော် လည်း သူတာဝန်ကျရာ ကျောင်း၊ ဈေး စတဲ့ တာဝန်ကျရာနေရာတွေ မှာ အကောင်းဆုံးယာဉ်လမ်း ကြောင်း မရှုပ်ထွေးအောင် ကူညီ ပေးနိုင်ခဲ့ပါတယ်။ သူကကျန်းမာ ရေးချို့တဲ့သူတစ်ဦးလည်းဖြစ်တယ်။ ဆေးသွင်း၊ ဆေးသောက်လုပ်နေရတာပါ။ ခွင့်မယူပဲ သူတာဝန်တွေ ကိုကျေပွန်အောင် ဆောင်ရွက်နေ တာကို မြင်တွေ့ရတဲ့အတွက် မကွေးပရဟိတက မကွေးဂုဏ်ရည်ဆုချီး မြှင့်ဖို့ ကြေညာတာပါ''ဟု မကွေး ပရဟိတအသင်းမှ ဦးမိုးကပြော ကြားသည်။

မကွေးဂုဏ်ရည်ဆုရွေးချယ် ခံရသူနှစ်ဦးအား ဇူလိုင် ၁၉ ရက် (အာဇာနည်နေ့)တွင် ထိုက်တန်စွာ ဂုဏ် ပြုသွားမည်ဖြစ်သည်။

Rate this item
(0 votes)
MSK

back to top