HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

ဓမ္မသတ်ထုံးကျောက်တောင်နှင့် အနီးပတ်ဝန်းကျင်ကို အစုအဖွဲ့ပိုင် သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ်ဖွဲ့စည်းမည်

ဓမ္မသတ်ထုံးကျောက်တောင်နှင့် အနီးပတ်ဝန်းကျင်ကို အစုအဖွဲ့ပိုင် သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ်ဖွဲ့စည်းမည်

ရန်ကုန်၊ ဇူလိုင် ၉-မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ရှိ ဇီဝမျိုးစုံမျိုး ကြွဲ<ွကယ်ဝသည့် ဓမ္မသတ်ထုံးကျောက် တောင်နှင့်အနီးပတ်ဝန်းကျင်ကို အစုအဖွဲ့ပိုင်သဘာဝထိန်းသိမ်း ရေးနယ်မြေအဖြစ် ဖွဲ့စည်းသွား မည်ဖြစ်ကြောင်း မွန်ပြည်နယ်သစ် တောဦးစီးဌာနညွှန်ကြားရေးမှူး ဦးမင်းသိန်းမြင့်က ဒီမိုကရေစီတူ ဒေးသို့ ဇူလိုင် ၉ ရက်ကပြောသည်။

အဆိုပါထုံးကျောက်တောင် သည် မွန်ပြည်နယ် ကျိုက်မရော မြို့နယ် ဓမ္မသတ်ကျေးရွာတွင်ရှိပြီး ဓမ္မသတ်ထုံးကျောက်တောင်နှင့် အနီးပတ်ဝန်းကျင်ရှိ ဧက ၁၁ဝ ကို အစုအဖွဲ့ပိုင် သဘာဝထိန်းသိမ်း ရေးနယ်မြေအဖြစ် ဖွဲ့စည်းနိုင်ရေး ပြင်ဆင်နေခြင်းဖြစ်ကြောင်း သိရ သည်။

ဦးမင်းသိန်းမြင့်က''အဲဒီနေ ရာက ဂူတွေရှိပါတယ်။ လင်းနို့ တွေလည်းကျက်စားပါတယ်။ ပြီး တော့ ကမ္ဘာမှာရှားပါးတဲ့မျိုးစိတ် တွေ ရှိပါတယ်။ ပြည်ပအဖွဲ့အ စည်းတစ်ခုဖြစ်တဲ့ င်္င်္ှုကလည်း လေ့လာမှုတွေ လုပ်ဆောင်နေတာ ရှိပါတယ်။ ကျွန်တော်တို့က ဖွဲ့ စည်းပေးမယ်။ ရွာကပဲ သူ့ဟာ သူထိန်းရမှာ ဖြစ်ပါတယ်။ အစုအ ဖွဲ့ပိုင် သဘာဝထိန်းသိမ်းရေးနယ် မြေပေါ့။ ရွာကပဲ သူ့ဟာသူကော် မတီတစ်ခု ဖွဲ့စည်းပြီးထိန်းရမှာ ဖြစ်ပါတယ်။ ဇီဝမျိုးစုံမျိုးကွဲတွေ လည်း မပျက်စီးအောင် ကျွန်တော် တို့က အောင်မြင်သွားအောင်လို့ သစ်တောဦးစီးဌာနက ကူညီပေး သွားမှာဖြစ်ပါတယ်''ဟု ပြော သည်။

အဆိုပါနေရာသည် ဘူမိရူပ အနေဖြင့်လည်း ထူးခြားသည့် နေရာတစ်ခုဖြစ်ပြီး အစုအဖွဲ့ပိုင် သဘာဝထိန်းသိမ်းရေးနယ်မြေအ ဖြစ် ဖွဲ့စည်းနိုင်ရေးအတွက် ကွင်း ဆင်းလေ့လာမှုများ ပြုလုပ်ထား ပြီးဖြစ်ကြောင်းလည်း သိရသည်။

ဦးမင်းသိန်းမြင့်က ''ဒါက လည်း ရွာသားတွေ သဘောတူညီ မှုရရှိမှသာ လုပ်လို့ဖြစ်ပါတယ်။ ဒေသခံတွေရဲ့သဘောထားမှတ် ချက်တောင်းခံရအုံးမှာ ဖြပါတယ်။ ဖွဲ့စည်းပြီးသွားရင်လည်း ဒေသခံ တွေ ကိုယ်တိုင်စီမံအုပ်ချုပ်ရမှာ ဖြစ်ပါတယ်''ဟု ဆက်လက်ပြော သည်။ ဗဗ

Rate this item
(0 votes)

Latest from Yangon Media Group

back to top