HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

တရုတ်ပြည်သူ့သမ္မတ ရှီကျင့်ဖျင်၏ တရုတ်နိုင်ငံရေးရာ စီမံခန့်ခွဲမှု မြန်မာဘာသာပြန် စာအုပ်(ပထမတွဲ) ထုတ်ဝေဖြန့်ချိ မိတ်ဆက်ခြင်း အခမ်းအနားနှင့် တရုတ် - မြန်မာ နိုင်ငံရေးရာ စီမံခန့် ခွဲရေးဆွေးနွေးပွဲ နေပြည်တော်တွင် ကျင်းပ

တရုတ်ပြည်သူ့သမ္မတ ရှီကျင့်ဖျင်၏ တရုတ်နိုင်ငံရေးရာ စီမံခန့်ခွဲမှု မြန်မာဘာသာပြန် စာအုပ်(ပထမတွဲ) ထုတ်ဝေဖြန့်ချိ မိတ်ဆက်ခြင်း အခမ်းအနားနှင့် တရုတ် - မြန်မာ နိုင်ငံရေးရာ စီမံခန့် ခွဲရေးဆွေးနွေးပွဲ နေပြည်တော်တွင် ကျင်းပ

နေပြည်တော်၊ ဇူလိုင် ၉

တရုတ် ပြည်သူ့သမ္မတနိုင်ငံသမ္မတရှီကျင့်ဖျင်၏ တရုတ်နိုင်ငံရေးရာစီမံခန့်ခွဲမှု မြန်မာဘာသာပြန်စာအုပ် (ပထမတွဲ) ထုတ်ဝေဖြန့်ချိမိတ်ဆက် ခြင်း အခမ်းအနားနှင့် တရုတ်-မြန်မာ နိုင်ငံရေးရာစီမံခန့်ခွဲရေး ဆွေးနွေးပွဲကို နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ ( MICC 2 ) ၌ ဇူလိုင် ၉ ရက် ညနေ ၃ နာရီက ကျင်းပသည်။

ယင်းအခမ်းအနားတွင် တရုတ်ကွန်မြူနစ်ပါတီနိုင်ငံရေး ဗျူရိုအဖွဲ့ ဝင် ဗဟိုအတွင်းရေးမှူးရုံးမှ အတွင်း ရေးမှူးဗဟိုပြန်ကြားရေးဝန်ကြီးဌာနဝန်ကြီး H.E Mr. Huang Kunming၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုံးဝင်း၊ ပြည်သူ့လွှတ် တော်နိုင်ငံတကာ ဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ဟုန်လျံတို့နှင့်အတူ တရုတ်-မြန်မာနှစ်နိုင်ငံ နိုင်ငံရေး နယ်ပယ်၊ ပညာရှင်နယ်ပယ်၊ ပုံနှိပ် ထုတ်ဝေရေးနယ်ပယ်၊ မီဒီယာနယ်ပယ်တို့မှ လူ ၃ဝဝ ကျော်တက် ရောက်ခဲ့ကြောင်းသိရသည်။

 

အဆိုပါ အခမ်းအနား၌ တရုတ်ကွန်မြူနစ်ပါတီနိုင်ငံရေးဗျူရို အဖွဲ့ဝင် ဗဟိုအတွင်းရေးမှူးရုံးမှ အတွင်းရေးမှူး ဗဟိုပြန်ကြားရေး ဝန်ကြီးဌာနဝန်ကြီး H.E Mr.Huang Kunming၊ ပြည်သူ့လွှတ် တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်၊ မြန်မာနိုင်ငံဆိုင်ရာတရုတ် နိုင်ငံသံအမတ်ကြီး မစ္စတာဟုန်လျံတို့က စာအုပ်မိတ်ဆက်စကားများ ပြောကြားခဲ့ကြသည်။


ယင်းစာအုပ်နှင့်ပတ်သက်ပြီး တရုတ်ကွန်မြူနစ်ပါတီနိုင်ငံရေး ဗျူရိုအဖွဲ့ဝင် ဗဟိုအတွင်းရေးမှူးရုံး မှ အတွင်းရေးမှူး ဗဟိုပြန်ကြား ရေးဝန်ကြီးဌာနဝန်ကြီး H.E Mr.Huang Kunming က ''၂ဝ၁၇ ခုနှစ် နိုင်ဝင်ဘာလမှာ ထုတ်ဝေဖြန့်ချိတဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတရှီကျင့်ဖျင်ရဲ့ တရုတ်နိုင်ငံရေးရာစီမံခန့်ခွဲမှုဆိုင်ရာ ဒုတိယတွဲစာအုပ်နဲ့အတူ အဲဒီစာအုပ်ထဲမှာ တရုတ် ပြည်သူ့သမ္မတနိုင်ငံသမ္မတရှီကျင့် ဖျင်အမှူးပြုတဲ့ တရုတ်ပြည် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအနေနဲ့ဆိုရင် တရုတ်နိုင်ငံ ပါတီတစ်နိုင်ငံလုံး ပြည်သူတိုင်းရင်းသားလူမျိုးစုတွေနဲ့ ဦးဆောင်ပြီးတော့ ခေတ်သစ်မှာ တရုတ်ဝိနည်း၊ တရုတ်ဟန်ဆိုရှယ် လစ်လမ်းစဉ်အတိုင်း လက်တွေ့ ဆောင်ရွက်မှုအခြေအနေ၊ တရုတ် ဝိသေသလက္ခဏာဆိုင်ရာ အတွေးအခေါ်တွေ ဖွံ့ဖြိုးတိုးတက်တဲ့အခြေ အနေတွေကိုလည်း ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ တရုတ်ပြည်ကွန်မြူနစ်ပါတီကဆိုရင် လူ့လောကကံကြမ္မာတူဆိုတာ ထူထောင်ရေးအတွက် အဆိုပြုတင်ပြချက်ကို ဖော်ပြတာဖြစ်ပါတယ်'' ဟုပြောသည်။

MO

#democraytoday

Rate this item
(0 votes)
back to top