HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

ကလေးငယ် ၁၂ ဦးနှင့် နည်းပြတို့ အားလုံး မယ်ဆိုင်ဂူ အတွင်းမှ လွတ်မြောက်ပြီ

ကလေးငယ် ၁၂ ဦးနှင့် နည်းပြတို့ အားလုံး မယ်ဆိုင်ဂူ အတွင်းမှ လွတ်မြောက်ပြီ

ရန်ကုန်၊ ဇူလိုင် ၁ဝ

မယ်ဆိုင်ဂူအတွင်း ပိတ်မိနေသူအားလုံးကို ဇူလိုင် ၁ဝ ရက်တွင် အားလုံးကို ကယ်ထုတ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ မယ်ဆိုင်ဂူအတွင်းမှ နောက်ဆုံးခေါ်ထုတ်လာသည့် ငါးဦးတွင် ကလေးများအပြင် အသင်းနည်းပြလည်းပါဝင်ခဲ့ကြောင်းသိရသည်။

နောက်ဆုံးကျန်ခဲ့သူငါး ယောက်ကို ကယ်ဆယ်နိုင်ရန်အတွက် ထိုင်းစံတော်ချိန် နံနက်(၁ဝ)နာရီကတည်းက စတင်လုပ်ဆောင် နေခဲ့ခြင်းဖြစ်ပြီး ထိုင်းစံတော်ချိန်ည နေ ၆ နာရီ ၂ မိနစ်တွင် ဂူအပြင် ဘက်သို့ အောင်မြင်စွာကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။ ကယ်ဆယ်ရေးစတင်သည့် ပထမနေ့က ကယ်ဆယ်ရေးဆောင်ရွက်ချိန် (၁၁)နာရီကြာခဲ့ကာ ကလေးငယ်လေးဦးကယ်ထုတ်နိုင်ခဲ့ပြီး ဒုတိယအကြိမ်ဖြစ်သည့် ဇူလိုင် ၉ ရက်နေ့တွင် အချိန် (၉)နာရီသာကြာမြင့်ခဲ့ကာ ကလေးငယ် လေးဦးကယ်ထုတ်ခဲ့ကြောင်း သိရသည်။ ကယ်ဆယ်ရေးအဖွဲ့ခေါင်း ဆောင် Narongsak Osottanakorn က''တတိယနေ့ကယ်ဆယ် ရေးလုပ်ငန်းတွေကိုလုပ်ဆောင်ရာမှာ နည်းလမ်းများက ပိုမိုမြန်ဆန်လာပါတယ်။ ဒါပေမဲ့သယ်ဆောင်ရာမှာတော့ ယခင်နေ့တွေကထက် အခက်အခဲတွေပိုမိုတွေ့ရှိခဲ့ရပါတယ်''ဟုပြောသည်။


အခက်အခဲတွေ့ရှိခဲ့ရခြင်းမှာ ကယ်ထုတ်လာသည့် ကလေးတစ်ဦးကို ကယ်ဆယ်သူရေငုတ်သမားသုံးဦးက ဝိုင်းရံအကူအညီပေးခဲ့ ရ၍ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောသည်။ မုတ်သုံမိုးကြောင့် မိုးရေများ ကျောက်ကြားလွှာအတွင်း ကျဆင်းလာနေပြီဖြစ်ပြီး ထုံးကျောက်လွှာအတွင်း ရေများစီးဝင်လာခြင်း ကြောင့် ကယ်ထုတ်မှုလုပ်ငန်းကို မဖြစ်မနေလုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်း ၎င်းကပြောသည်။ ထိုင်းနေဗီဆီးလ်မှ ကယ်ဆယ်ရေးအဖွဲ့သည် ကလေးငယ်များကို အစုများဖွဲ့ကာ လေးကီလို မီတာရှည်လျားပြီး မှောင်မဲကာရေ များမြုပ်နေသည့်တွင်းများ၊ ချိုင့်များ ကိုဖြတ်ကျော်ကာ ကလေးငယ်များကို ဘေးမသီရန်မခကယ်ထုတ်နိုင်ခဲ့ ခြင်းဖြစ်ကြောင်းသိရသည်။ ယခုအခါကလေးငယ်များ၏ ကျန်မာရေးအခြေအနေ ပိုမိုစိတ်ချ ရစေရန် ဆေးရုံတွင် တစ်ပတ်ခန့် ထားရှိကာ ရောဂါစစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။


''ကလေးတွေထဲက ရှစ် ယောက်က ရှိသင့်တဲ့ကိုယ်အလေးချိန်ထက် နည်းနည်းကျနေတယ်။တယောက်ကတော့ အဆုပ်မှာအနာ လေးရှိနေတယ်။ မစိုးရိမ်ရပေမယ့် အဝေးသွားဖို့ မသင့်တော်ပါဘူး''ဟု ထိုင်းပြည်သူ့ကျန်းမာရေးဌာန အမြဲတမ်းအတွင်းဝန် Jedsada Chokdamrungsuk ကပြောသည်။ ဂူအတွင်းမှ ကလေးများကို ခေါ်ထုတ်ရာတွင် ကလေးများနှင့် အတူရှိနေသည့် ဆရာဝန်ကစစ်ဆေးပြီး ကျန်းမာရေးအကောင်းဆုံးအဖွဲ့ ဖြင့် ကယ်ဆယ်ရေးကို ဆောင်ရွက် ခြင်းဖြစ်ကြောင်းသိရသည်။ ဂူအတွင်းမှ ကလေးများကို ကယ်ထုတ်ရာတွင် သိပ္ပံပညာရှင် Elon Musk ၏ Space X အာကာသယာဉ်အတွက် တီထွင်ထားသော သင်္ဘောငယ်များ အသုံးပြုခဲ့သည်ဟု ထိုင်းပြည်ထဲရေးဝန်ကြီး Anupong Paochinda ကပြော သည်။ အသက်(၂၅)နှစ်အရွယ် နည်းပြနဲ့အသက်(၁၁) မှ (၁၆)ကြား ထိုင်းကျောင်းသားလေး(၁၂)ယောက်တို့သည် ဇွန် ၂၃ ရက်ကတည်းက ဂူအတွင်းကိုလေ့လာရေးသွားရာမှယင်းကဲ့သို့ပိတ်မိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။


NT

#democracytoday

Rate this item
(0 votes)
back to top