HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

မုံရွာတွင် ဆိုင်ကယ် ငါးစီးကို ကိုယ်ပိုင်ယာဉ် ဝင်တိုက်၊ နှစ်ဦးသေ၊ ငါးဦး ဒဏ်ရာရ

မုံရွာတွင် ဆိုင်ကယ် ငါးစီးကို ကိုယ်ပိုင်ယာဉ် ဝင်တိုက်၊ နှစ်ဦးသေ၊ ငါးဦး ဒဏ်ရာရ

ရန်ကုန်၊ ဇူလိုင် ၁ဝ

မုံရွာမြို့ ဗိုလ်ချုပ်လမ်းပေါ်တွင် ကိုယ်ပိုင်ကားတစ်စီးက တစ်ဖက်ယာဉ်ကြောရှိ ဆိုင်ကယ်ငါးစီးအားဝင်တိုက်ခဲ့ရာ နှစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမအတိုင်း ဇူလိုင် ၁ဝ ရက်၊ မွန်းလွဲ ၂ နာရီခွဲခန့်က တောင်မှမြောက်သို့ မုံရွာမြို့၊ အောင်ချမ်းသာရပ်နေ ယာဉ်မောင်းဗိုလ် ဗိုလ်စိုး (၃၈)နှစ် မောင်းနှင်လာသည့် Caldina အမျိုးအစားကိုယ်ပိုင်ယာဉ်သည် အိုဘိုတောင် အထက (ခွဲ) ကျောင်းရှေ့အရောက် အရှိန်လွန်ပြီး တစ်ဖက်ယာဉ်ကြောရောက်ရှိကာ မြောက်မှတောင်သို့ မောင်းနှင်သွားနေသော Canbo 125 အနက် ရောင်ဆိုင်ကယ်သုံးစီး၊ Darling  စူပါကပ် အစိမ်းရောင်ဆိုင်ကယ်နှင့် နယူးဟိုင်ယင်းဆိုင်ကယ်တို့အား ဝင်ရောက်တိုက်မိသဖြင့် ဆိုင်ကယ်ငါးစီးနှင့်ကိုယ်ပိုင်ယာဉ်တို့ ပျက်စီးခဲ့ကြောင်း အမှတ် (၁၁၁)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး (မုံရွာ)မှ ယာဉ်မှုစစ်ရဲအုပ်ကြည်စိုးကပြောသည်။

 

ယာဉ်တိုက်မှုကြောင့် အသက် ၃၅ နှစ်အရွယ် ဆိုင်ကယ်မောင်း အမျိုးသမီးတစ်ဦးနှင့်အတူပါလာသူအသက်ခုနစ်နှစ်အရွယ် ကလေးတစ်ဦးတို့သေဆုံးခဲ့ပြီး ဒဏ်ရာရသူငါးဦးရှိကြောင်း၊ ဒဏ်ရာရသူများတွင် မုံရွာမြို့မရဲစခန်းမှ နယ်ထိန်း ရဲတပ်ကြပ်တစ်ဦးနှင့်ရဲအုပ်တစ်ဦးတို့ပါဝင်ပြီး မုံရွာပြည်သူ့ဆေးရုံတွင် အတွင်းလူနာအဖြစ် ကုသမှုခံယူနေကြောင်း မုံရွာမြို့မရဲစခန်းထံမှ စုံစမ်းသိရသည်။ မုံရွာမြို့မရဲစခန်းမှူးဒုရဲမှူး ကျင်စိန်က ''ကျွန်တော်တို့စခန်း နယ်ထိန်းနှစ်ယောက်က အမှုတစ်ခုမှာ တရားခံစုံစမ်းရေးဆောင် ရွက်နေတုန်းဆိုင်ကယ်တစ်စီးနဲ့ နှစ်ယောက် ပြန်လာစဉ်တိုက်ခံရ တာပါ။ ရဲတပ်ဖွဲ့ထောက်ပံ့မှုတွေ လုပ်နေပါတယ်။ နောက်က ထိုင်လိုက်တဲ့နယ်ထိန်းခေါင်းဆောင် ပေါင်ကျိုးသွားပါတယ်။ သားအမိ နှစ်ယောက်လို့ယူဆရတဲ့ နှစ်ဦးမှာ တော့ ကလေးမလေးက ဆေးရုံ ရောက်မှဆုံးတယ်'' ဟု ဒီမိုကရေ စီတူဒေးသို့ပြောသည်။


ယာဉ်မောင်းဗိုလ်ဗိုလ်စိုးသည် မြစ်ကြီးနားမြို့နယ်၊ ကန်ပိုင်တီတွင် လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာန၊ လက် ထောက်လဝကမှူး တာဝန်ထမ်း ဆောင်ပြီး မကွေးတိုင်း၊ စလင်းမြို့ သို့ ပြောင်းရွှေ့တာဝန်ထမ်းရန် ထွက်ခွာလာစဉ် မုံရွာမြို့၊ အလုံရပ်ရှိ မိ ခင်ဖြစ်သူထံသွားရောက်စဉ် ယာဉ်တိုက်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။


ယာဉ်မှုစစ် ရဲအုပ်ကြည်စိုးက ''ဆိုင်ကယ်တစ်စီးက ကွေ့ဖို့စောင့် နေတာ။ ဆိုင်ကယ်နှစ်စီးကို ကားကဝင်တိုက်တော့ ကြောက်ပြီးဆိုင် ကယ်ထားပြီးထွက်ပြေးသွားတာ။ကျန်တဲ့ဆိုင်ကယ်တွေက ပုံမှန်သွားနေတော့ တိုက်တာပေါ့။ ဆိုင်ကယ်ငါးစီးပေါ့။ ကားကတော်တော် စုတ်ပြတ်တယ်။ ဆိုင်ကယ်တွေက ငါးဦးစလုံးပျက်စီးတယ်'' ဟု ဒီမိုကရေစီတူဒေးသို့ပြောသည်။ ယင်းယာဉ်တိုက်မှုနှင့်ပတ်သက်ပြီး မုံရွာမြို့မရဲစခန်းမှ ယာဉ် (ပ) ၆၂/၂ဝ၁၈၊ ရာဇသတ်ကြီး ပုဒ်မ-၃ဝ၄-က/၃၃၇/၃၃၈ ဖြင့် ယာဉ်မောင်းဗိုလ်ဗိုလ်စိုးကို အမှုဖွင့်အရေးယူထားသည်။


WYHW,KTS

#democracytoday

Rate this item
(0 votes)
back to top