HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

မဇ္ဈိမလှိုင်း ဦးရဲလွင်(ပန်းရဲ့လမ်း) ၏ ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကို ငါးရက်ကြာ ထားရှိသွားမည် ဟုဆို  

မဇ္ဈိမလှိုင်း ဦးရဲလွင်(ပန်းရဲ့လမ်း) ၏ ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကို ငါးရက်ကြာ ထားရှိသွားမည် ဟုဆို   

ရန်ကုန်၊ ဇူလိုင် ၁ဝ

ပန်းရဲ့လမ်း အဖွဲ့တည်ထောင်သူ တေးရေး၊ တေးဆို ဦးရဲလွင်(မဇ္ဈိမလှိုင်း)သည် အသည်းကင်ဆာရောဂါဖြင့် ကွယ်လွန်သွားပြီး ကြွင်းကျန်ရစ်သောရုပ် ကလာပ်ကို ငါးရက်ကြာထားရှိသွားမည်ဖြစ်ကြောင်းသိရသည်။ ဦးရဲလွင်(မဇ္ဈိမလှိုင်း)သည် ဇွန်လမှစတင်ကာ ဆေးကုသမှုခံယူလျက်ရှိခဲ့ခြင်းဖြစ်ပြီး ဇူလိုင် ၁ဝ ရက် ညနေ ၄ နာရီ ၁ဝ မိနစ်တွင် ရန်ကုန်ခုတင် ၅ဝဝ ဆံ့ အသည်း ဆေးရုံကြီး၌ကွယ်လွန်သွားပြီး ကွယ်လွန်ချိန်တွင် အသက်(၇၁)နှစ်ရှိပြီ ဖြစ်သည်။

''သူက တစ်နိုင်ငံလုံးက လေးစားရတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ အစိုးရပိုင်းကလည်း လေးစားရတဲ့သူတစ် ယောက်ဖြစ်တဲ့အတွက် တိုင်ပင်ကြဦးမှာပါ။ အခုက ပင်လုံညီလာခံက လည်းရှိနေတာကြောင့် သူ့ရဲ့ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ချင်ကြတဲ့သူတွေက ပင်လုံညီလာခံတက်ရောက်နေတာကြောင့် စောင့်မယ်''ဟု ဦးရဲလွင်(မဇ္ဈိမလှိုင်း) ၏ မိတ်ဆွေဖြစ်သူ ကိုလွင်မှိုင်းက ပြောသည်။ ''ဦးရဲလွင် ကွယ်လွန်သွားပါ ပြီ။ဒီနေ့ ညနေ ၄ နာရီ ၁ဝမိနစ်ကပါ။ ကျွန်တော်တို့အတွက်တော့ ကြီးမားတဲ့ဆုံးရှုံးမှုကြီးပါ။ အခု တော့ ကောလာဟလမဟုတ်ဘဲ တကယ်ကို ကွယ်လွန်သွားတာပါ'' ဟု ပန်းရဲ့လမ်းအဖွဲ့မှ ကိုသား ထွေးက ပြောသည်။ လွန်ခဲ့သည့်လအနည်းငယ်တွင် ဦးရဲလွင်ကွယ်လွန်သွားပြီဟူ သော ကောလာဟလသတင်းများ လူမှုကွန်ရက်စာမျက်နှာများတွင် ပေါ်ပေါက်ခဲ့သေးသည်။


ဦးရဲလွင်(မဇ္ဈိမလှိုင်း)ကွယ်လွန်သွားခြင်းကြောင့် နာရေးကူညီ မှုအသင်းဥက္ကဋ္ဌ ဦးကျော်သူက 'မိတ်စုတ်တွေမထားချင်လို့ မုတ်ဆိတ်တွေထားတဲ့ ဦးရဲ။ မိတ် ကောင်းတွေနဲ့သွားနေဖို့ ကျွန် တော်တို့ကိုထားရစ်ခဲ့ပြီ။ အာဇာနည်နေ့မတိုင်ခင် အာဇာနည်တစ်ဦးကြွေလွင့်သွားရှာပြီဗျာ။ လေးစားဦးညွတ်လျက်''ဟူ၍ ၎င်း၏လူ မှုကွန်ရက်စာမျက်နှာတွင် ဝမ်းနည်းစာသားရေးသားခဲ့သည်။ ဦးရဲလွင်ကို ၁၉၄၇ ခုနှစ် ဒီဇင်ဘာလတွင် ပေါင်းတည်မြို့၌ မွေးဖွားခဲ့ပြီး ခရစ်ယာန်မိသားစုမှ ဆင်းသက်လာသူတစ်ဦးဖြစ်သော် လည်း နောက်ပိုင်းတွင် ဗုဒ္ဓဘာသာ ဝင်တစ်ဦးအဖြစ် ကူးပြောင်းခဲ့သည်။ ''သူနဲ့ ကျွန်တော်ခင်မင်လာတာ နှစ် ၃ဝ လောက်ဖြစ်နေပါပြီ။ သူ့လိုလူမျိုးကရှားပါတယ်။ သူက သေခြင်းတရားကို ဘယ်တုန်းကမှ ကြောက်ခဲ့တဲ့သူတစ်ယောက်မဟုတ်ဘူး။ ငြိမ်းချမ်းရေးကိုလည်း အများကြီးလုပ်ခဲ့တယ်။ ပန်းရဲ့ လမ်းအဖွဲ့ခေါင်းဆောင်ပီပီ စစ်ဘေးသင့်ဒေသတွေ၊ ပညာရေးကွန်ရက် တွေအတွက် ရန်ပုံငွေတွေအများကြီးကိုရှာပေးခဲ့တဲ့သူပါ။ ရှားပါးတဲ့ ပန်းတစ်ပွင့် ကြွေလွင့်သွားတဲ့အတွက် အရမ်းစိတ်မကောင်းဖြစ် ရပါတယ်''ဟု ကိုလွင်မှိုင်းက ဆက်လက်ပြောသည်။


အသက်(၁၈) နှစ်ဝန်းကျင်တွင် ဇာတ်အဖွဲ့တချို့တွင် ဂီတာတီးခဲ့ပြီး မြန်မာ့အသံတီးဝိုင်းတချို့ တွင်လည်း သွားရောက်တီးခတ်ခဲ့ ပြီး ၁၉၆၈ ခုနှစ်တွင် ရန်ကုန်စက်မှု တက္ကသိုလ်၌ တတိယနှစ်အထိ ပညာသင်ကြားခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် E-Machine  တီးဝိုင်းတွင် ကိုရဲလွင်မှာ Bass  ဂီတာတီးခတ်နေပြီဖြစ်ပြီး အင်းစိန်၊ ကြို့ကုန်းတွင် တေးဆို ခင်မောင်တိုး၊ ကိုနေဝင်း၊ ကိုမောင်မောင် (အဉ္စလီ)တို့နှင့်နေထိုင်ရင်း ပြဿနာအုပ်စုဟု နာမည်တပ်ခံခဲ့ရသည်။ ၁၉၈၂ ခုနှစ် မဇ္ဈိမလှိုင်းတေး ဂီတအဖွဲ့ကိုဖွဲ့စည်းခဲ့ပြီး ၁၉၈၅ ခုနှစ်တွင် 'မဟာဆန်သူ'တေးသီ ချင်းခွေမှတစ်ဆင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောင်မြင်မှု ရရှိခဲ့သည်မှာ ယနေ့တိုင်ပင်ဖြစ် သည်။ ဦးရဲလွင်(မဇ္ဈိမလှိုင်း)သည် နိုင်ငံရေးလှုပ်ရှားမှုများပြုလုပ်ခြင်း ကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ၂ဝဝ၇ ခုနှစ် ရွှေဝါရောင်အရေးအခင်းတွင် ထောင်ဒဏ်နှစ်နှစ်ချမှတ်ခြင်းခံခဲ့ရသည်။


၂ဝ၁၁ ခုနှစ်တွင် ဒလမြို့ နယ် ရေရှားပါးမှုကြုံတွေ့ချိန်မှစတင်ကာ ဦးရဲလွင်(မဇ္ဈိမလှိုင်း)ဦးဆောင်၍ 'လွတ်လပ်ငြိမ်းချမ်းပန်းရဲ့လမ်း' လူမှုကွန်ရက်အဖွဲ့ကို စတင်ဖွဲ့ စည်းခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပညာရေးကွန်ရက်၊ ကျန်းမာရေးကွန်ရက် ရန်ပုံငွေပွဲများတွင် သီချင်းများလိုက်လံသီဆို ကာ အလှူငွေများ ရှာဖွေပေးခဲ့သည်။ ဂီတလောကတွင် ၅၂ နှစ် ကြာဖြတ်သန်းခဲ့ပြီး ''ပန်းခရမ်း ပြာ''၊ ''မဟာဆန်သူ''၊ ''နဒီမင်္ဂလာ'' အစရှိသော တေးသီချင်းများကို ရေးသားခဲ့ပြီး တေးသီချင်းများစွာကိုလည်း သီဆိုခဲ့သူတစ်ဦးဖြစ်ကာ ဂီတလောကတွင် အောင်မြင်မှုများစွာ ရရှိခဲ့သူတစ်ဦးလည်းဖြစ်သည်။ နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ဂုဏ်ထူးဆောင်အသင်းသားတစ် ဦးဖြစ်ပြီး ၂ဝ၁၃ ခုနှစ်တွင် ပြည်ပ ရောက် မြန်မာမိသားစုများမှ စတုတ္ထအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည် အထူးဆုရှင်အဖြစ် ချီးမြှင့်ခြင်းခံခဲ့ ရသည်။

NN, KZYH

#democracytoday

Rate this item
(0 votes)
back to top