HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

အောင်လံမြို့အတွင်း သွေးလွန်တုပ်ကွေးပိုးတွေ့ရှိလူနာ ၁၂၄ ဦးအထိရှိနေ

အောင်လံမြို့အတွင်း သွေးလွန်တုပ်ကွေးပိုးတွေ့ရှိလူနာ ၁၂၄ ဦးအထိရှိနေ

အောင်လံ၊ ဩဂုတ် ၈- မကွေး တိုင်းဒေသကြီး သရက်ခရိုင် အောင် လံမြို့နယ်အတွင်း သွေးလွန်တုပ် ကွေးပိုးတွေ့ရှိ လူနာ ၁၂၄ ဦးအ ထိရှိနေပြီး ဖြစ်ပွားမှုနှုန်းမှာ လစဉ်မြင့်တက်နေကြောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

""သွေးလွန်တုပ်ကွေးပိုးတွေ့ ရှိသူ လူနာဦးရေက အခုဒီနေ့အ ထိ လူနာ ၁၂၄ ဦး ရှိနေပါတယ်။ ဖြစ်ပွားမှုနှုန်းက မြင့်တက်နေတဲ့ အတွက် ကြိုတင်ကာကွယ်ရေးတွေ ကို ဆောင်ရွက်နေပါတယ်။ သွေး လွန်တုပ်ကွေးဖြစ်ပွားမှုက မြို့နယ် အတွင်းမှ ကျေးရွာနေရာအနှံ့ဖြစ် ပွားနေတာပါ။ အခုထိ သေပျောက် မှုမရှိသေးပါဘူး""ဟု အောင်လံမြို့ နယ် ကျန်းမာရေးဦးစီးဌာနဦးစီးမှူး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ မျိုးလွင်က ဩဂုတ် ၇ ရက်က မီဒီယာများနှင့်တွေ့ဆုံစဉ်ပြောကြားသည်။

အောင်လံမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားမှုမှာ ၂၀၁၇ ခုနှစ်က ၁၀၆ ဦးဖြစ်ပွားခဲ့ ပြီး လေးဦးသေဆုံးခဲ့ကြောင်း၊ ယခု နှစ်တွင် မြို့နယ်အတွင်းမိုးများအဆက်မပြတ်ရွာသွန်းနေခြင်း ကြောင့် သွေးလွန်တုပ်ကွေးပိုးဖြစ် ပွားစေသော ခြင်ပေါက်ပွားမှုများ ရှိနေသဖြင့်
ဖြစ်ပွားမှုနှုန်းမှာ လစဉ် မြင့်တက်နေရာ ပြင်ပဆေးခန်းများ သို့ချိတ်ဆက်ကာ စာရင်းကောက် ယူမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

""အခုရက်ပိုင်းမှာ ဖျားနေတဲ့ ကလေးတွေ ဆေးခန်းလာပြတာ များပါတယ်။ သွေးလွန်တုပ်ကွေး ဖြစ်ပေါ်နေတဲ့ လက္ခဏာတွေ့ရှိတဲ့ လူနာကို မြို့နယ်ဆေးရုံကြီးကိုပြ သဖို့ ညွှန်ကြားထားပါတယ်။ တချို့လူနာရှင်တွေက ပြည်မြို့ ဆေးရုံတွေကို သွားရောက်ပြသ ပါတယ်""ဟု အောင်လံမြို့ ပြင်ပ ဆေးခန်းမှ ဆရာဝန်တစ်ဦးက ပြောသည်။

အောင်လံမြို့အတွင်း သွေး လွန်တုပ်ကွေးဖြစ်ပွားမှုနှုန်း မြင့် တက်နေခြင်းကြောင့် သွေးလွန် တုပ်ကွေးပိုးရှိ၊ မရှိစစ်ဆေးခြင်း ကိရိယာ ၈၀ ကို ကျန်းမာရေး ဦးစီးဌာနမှ မြို့နယ်ကျန်းမာရေး ဌာနသို့ အခမဲ့စစ်ဆေးပေးနိုင်ရန် ပံ့ပိုးပေးထားပြီး အဆိုပါသွေးလွန် တုပ်ကွေးစစ်ကိရိယာမှာ ပြင်ပဆေး ခန်းများတွင် စစ်ဆေးပါက ငွေကျပ် တစ်သောင်းကျော်ရှိကြောင်း သိရ သည်။

HT (AL)
#Democracytoday

Rate this item
(0 votes)
back to top