HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင် ကမ္ဘာ့မျိုးသုဉ်းလုနီး အန္တရာယ် ကျရောက်နေသော ကြိုးကြာခေါင်းနီ အကောင်ရေ ၂ဝဝ မှ ၄ဝဝ ကြား ကျန်ရှိဟု ခန့်မှန်း

ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင် ကမ္ဘာ့မျိုးသုဉ်းလုနီး အန္တရာယ် ကျရောက်နေသော ကြိုးကြာခေါင်းနီ အကောင်ရေ ၂ဝဝ မှ ၄ဝဝ ကြား ကျန်ရှိဟု ခန့်မှန်း

ရန်ကုန်၊ သြဂုတ် ၉

ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင် ကမ္ဘာ့မျိုးသုဉ်းလုနီးအန္တရာယ်ကျရောက်နေ သော ကြိုးကြာခေါင်းနီအကောင်ရေ နှစ်ရာမှ လေးရာကြားကျန်ရှိနေသေးဟု ခန့်မှန်းထားကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့(မြန်မာနိုင်ငံအစီအစဉ်)၏ သြဂုတ် ၈ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

သစ်တောဦးစီးဌာန၊ မိန်းမလှ ကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့ တောသားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်)တို့ ပူးပေါင်း၍ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး ဆောင်ရွက်လျက်ရှိသော ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသထဲမှ ဝါးခယ်မ မြို့နယ်၊ မအူပင်မြို့နယ်၊ ပန်းတနော်မြို့နယ်နှင့်အိမ်မဲမြို့နယ်တို့တွင် ကြိုးကြာခေါင်းနီသုတေသန လုပ်ငန်းများကို ဆောင်ရွက်နေခြင်း ဖြစ်သည် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်)မှ တာဝန်ရှိသူတစ်ဦးက ''၂ဝ၁၈ ခုနှစ်အတွက် ပထမဦးဆုံး ကြိုးကြာခေါင်းနီအ ကောင်ပေါက်ငယ်ကို မအူပင်မြို့ အနီးမှာ သြဂုတ် ၈ ရက်ကတွေ့ရှိ ခဲ့ရပါတယ်။ ကြိုးကြာခေါင်းနီက မြန်မာနိုင်ငံတွင်သာမက ကမ္ဘာမှာလည်း မျိုးသုဉ်းရန်အန္တရာယ်ကျ ရောက်နေသော မျိုးစိတ်ဖြစ်ပါတယ်။ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင် အကောင်၂ဝဝ မှ ၄ဝဝ ကြားကျန်ရှိနေတယ်လို့ခန့်မှန်းထားပါ တယ်''ဟုပြောသည်။


ကြိုးကြာသုတေသနလုပ်ငန်းများကို ၂ဝ၁၆ ခုနှစ်တွင် ဒေသခံ အနည်းငယ်ကိုမေး၍ သုတေသန ပြုလုပ်ရာ ၃၃ သိုက်၊ ၂ဝ၁၇ ခုနှစ်တွင် ဒေသခံများနှင့်ပူးပေါင်း၍သု တေသနပြုလုပ်ရာ ၁၃၈ သိုက်တွေ့ရသောကြောင့် ယခုနှစ်တွင်လည်း ဒေသခံများနှင့်ပူးပေါင်းပြီး သုတေသနပြုလုပ်ရာ ယခင်နှစ်များထက် ကြိုးကြာအသိုက်သတင်းပေးခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများတွင် ပိုမိုပါဝင်လာမည်ဟု ကြိုးကြာထိန်း သိမ်းရေးသမားများက ယုံကြည် ကြောင်းထုတ်ပြန်ချက်တွင် ဖော် ပြထားသည်။ လက်ရှိတွင် ကြိုးကြာခေါင်းနီ မိတ်လိုက်မျိုးပွားရာသီမှ စတင်၍ ကြိုးကြာအသိုက်နှင့် ဥများစတင် သုတေသနပြုမှတ်တမ်းတင်နေပြီ ဖြစ်ကြောင်းသိရသည်။ ကြိုးကြာခေါင်းနီနှင့်ပတ်သက်ပြီး ပညာပေးလုပ်ငန်းများကို ၂ဝ၁၇ ခုနှစ်က မအူပင်တွင်ကျေးရွာ ၂ဝ၊ ဝါးခယ်မတွင် ၁၄ ရွာ၊ ပန်းတနော်တွင် ၁၁ ရွာနှင့်အိမ်မဲတွင် ၁၈ ရွာ ပညာပေးလုပ်ငန်းများ ပြုလုပ်ခဲ့ပြီး ယခုနှစ်တွင် မအူပင်တွင်ကျေးရွာ ပေါင်း ၂၄ ရွာ၊ ဝါးခယ်မတွင် ၂၂ ရွာ၊ ပန်းတနော်တွင် ၁၅ ရွာ၊ အိမ်မဲတွင် ၂၂ ရွာ ပြုလုပ်မည်ဖြစ်သည်။


AA

#democracytoday

Rate this item
(0 votes)
back to top