HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ဖာပွန်မြို့မှ ရေဘေးသင့် အိမ်ခြေ ၁ဝဝဝ အတွက် စားသောက်ဖွယ်ရာများ လှူဒါန်း

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ဖာပွန်မြို့မှ ရေဘေးသင့် အိမ်ခြေ ၁ဝဝဝ အတွက် စားသောက်ဖွယ်ရာများ လှူဒါန်း

မြဝတီ၊ သြဂုတ် ၉

ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်နေကြသော မြန်မာရွှေ့ပြောင်းအလုပ်သမားများက ကရင်ပြည်နယ် ဖာပွန်ဒေသမှ ရေ ဘေးသင့်အိမ်ခြေ ၁ဝဝဝ အတွက် ထိုင်းဘတ်ငွေ ၂ဝဝဝဝဝ ကျော်တန်ဖိုးရှိ စားသောက်ဖွယ်ရာပစ္စည်းများ လှူဒါန်းနိုင်ရန် မြဝတီမြို့ရှိ ပရဟိတရေဘေးကယ်ဆယ်ရေး ဆောင်ရွက်နေသူများထံသို့ ခြောက် ကြိမ်မြောက်လာရောက်လှူဒါန်းခဲ့ ကြောင်းသိရသည်။

ပထမအကြိမ်နှင့် ဒုတိယအကြိမ် လှူဒါန်းသောပစ္စည်းများကို ဇူလိုင် ၂၈ ရက်က လှိုင်းဘွဲမြို့နယ်ရှိ ရေဘေးသင့်ပြည်သူအိမ်ခြေ ၂ဝဝဝ စာအားလည်းကောင်း၊ တတိယအကြိမ်တွင် ပိုင်ကျုံနှင့် ကော့လုံကျွန်းဘက်ရှိ ရေဘေးသင့်ပြည်သူအိမ်ခြေ ၁၅ဝဝ စာအတွက် ဇူလိုင် ၃ဝ ရက်တွင်လည်းကောင်း၊ စတုတ္ထအကြိမ်တွင် ကော့ကရိတ် မြို့နယ်ရှိ ရေဘေးသင့်ပြည်သူအိမ် ခြေ ၅ဝဝ စာအတွက် သြဂုတ် ၃ ရက်ကလည်းကောင်း၊ ပဉ္စမအကြိမ်အဖြစ် မွန်ပြည်နယ် KNU တပ်မဟာ (၁) နယ်မြေရှိ ရေဘေးသင့် ပြည်သူအိမ်ခြေ ၁ဝဝဝ စာအတွက် သြဂုတ် ၆ ရက်ကလည်းကောင်း လှူဒါန်းခဲ့ကြပြီးဖြစ်သည်။

 

''ကျွန်တော်တို့မြန်မာအလုပ်သမားတွေ ထိုင်းမှာအဖမ်းခံရပြီး မြဝတီပြန်လည်ကြိုဆိုရေးစခန်းကို ထောင်နဲ့ချီပြီး အပို့ခံရတော့ မြဝတီကတာဝန်ရှိသူတွေနဲ့ ပြည်သူ တွေက နေရပ်ပြန်နိုင်ရေးကို အဓိကကူညီပေးကြပါတယ်။ ဒီတော့ သူတို့ကျေးဇူးတွေ ကျွန်တော်တို့မှာရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့အလှည့်မှာ ဘာပြန်ကူညီပေးနိုင်မလဲဆိုပြီး စဉ်းစားနေတုန်း အခုလိုရေကြီးရေလျှံခဲ့တာကြောင့် ဒုက္ခဖြစ်တဲ့ပြည်သူတွေကို တတ်နိုင်သလောက်ပြန်ကူညီကြမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အခုလိုစားသောက် စရာတွေကို စုပေါင်းပြီး ဝိုင်းဝန်းလှူဒါန်းတာဖြစ်ပါတယ်''ဟု မဲ ဆောက်မြို့မှ မြန်မာအလုပ်သမားတစ်ဦးက ပြောသည်။ ယခုဆဋ္ဌမအကြိမ်အဖြစ် ဖာပွန်မြို့နယ်ရှိ ရေဘေးသင့်ပြည်သူ အိမ်ခြေ ၁ဝဝဝ အားလှူဒါန်းရန် သြဂုတ် ၉ ရက် နံနက် ၁၁ နာရီတွင် မြဝတီမြို့မှ ထွက်ခွာလှူဒါန်း မည်ဖြစ်ကြောင်း သိရသည်။


KKTM(MWD)

#democracytoday

Rate this item
(0 votes)
back to top