HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

မြစ်သာ ရေလှောင်တမံ၌ သတ်မှတ် ကန်ရေထက် ကျော်လွန်သဖြင့် ရေပိုလွှဲမှရေများ ထုတ်လွှတ်နေသော်လည်း စိုးရိမ်စရာ မရှိဟုဆို

မြစ်သာ ရေလှောင်တမံ၌ သတ်မှတ် ကန်ရေထက် ကျော်လွန်သဖြင့် ရေပိုလွှဲမှရေများ ထုတ်လွှတ်နေသော်လည်း စိုးရိမ်စရာ မရှိဟုဆို

ဂန့်ဂေါ၊ သြဂုတ် ၉

ယခုရက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး ဂန့်ဂေါ မြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်း နေမှုကြောင့် ဂန့်ဂေါမြို့နယ်ရှိ မြစ် သာရေလှောင်တမံ၌ သတ်မှတ်ကန် ရေထက် ရေများကျော်လွန်နေသည့်အတွက် ရေပိုလွှဲမှတစ်ဆင့် မြစ်သာမြစ်အတွင်း ထုတ်လွှတ်နေပြီး မြစ်အောက်ပိုင်း၌နေထိုင်သည့် မြို့ရွာများ စိုးရိမ်ဖွယ်ရာအခြေအ နေမရှိကြောင်း မြစ်သာမြစ်တမံမှ တာဝန်ရှိသူတစ်ဦးက သြဂုတ် ၉ ရက်တွင် ပြောကြားသည်။

''မြစ်သာရေတမံကနေပြီး သြဂုတ် ၇ ရက်မှာ တမံရေလွှဲပေါက်ကနေ ၁ ဒသမ ၅ ပေအထိ ရေ ကျော်ခဲ့တယ်။ မြစ်သာရေတမံအထက်ပိုင်းနဲ့ ဂန့်ဂေါဒေသမှာ မိုးအဆက်မပြတ်ရွာသွန်းမှုရှိနေပြီး တမံအတွင်း ရေစီးဝင်မှုနှုန်းကောင်းမွန်တဲ့အတွက် ၂ဝ မဂ္ဂါဝပ်ရှိတဲ့ ရေအားလျှပ်စစ်ဂျင်နရေတာနှစ်လုံး စုစုပေါင်း မဂ္ဂါဝပ် ၄ဝ ကို ပြီးခဲ့တဲ့ ဇွန် ၉ ရက်ကစတင်ပြီး ထုတ်လွှတ်နိုင်ခဲ့တယ်။ ဒါ့အပြင် မြစ်သာမြစ် ရေကြီးရေလျှံမှုကိုလည်း ကာကွယ်နိုင်ခဲ့ပါတယ်''ဟု ၎င်းကပြောသည်။


မြစ်သာရေလှောင်တမံကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာနမှတာဝန်ယူကာ ၂ဝဝ၂ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂ဝ၁၆ ခုနှစ် ဒီဇင် ဘာ ၁၉ ရက်တွင် ဒေသတွင်း လျှပ်စစ်မီးရရှိရေးအတွက် (Kaplan Vertical Shaft) တာဘိုင်အမျိုးအစားဖြင့် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၄ဝ ထုတ်လုပ်ပေးနေသည်။ မြစ်သာမြစ်သည် ချင်းပြည် နယ်တွင်မြစ်ဖျားခံပြီး မကွေးတိုင်း ဒေသကြီး ဂန့်ဂေါမြို့လယ်မှ ဖြတ်သန်းစီးဆင်းကာ စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်အတွင်း ကလေးဝမြို့တွင် ချင်းတွင်းမြစ်နှင့်ပေါင်းဆုံ သောမြစ်ဖြစ်သည်။ 

MOS

#democracytoday

Rate this item
(0 votes)
back to top