HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

လုပ်ငန်းအစီအမံ အားနည်းခဲ့သဖြင့် ဆောမြို့ကျောက်မီးသွေးတွင်း ပေါက်ကွဲခဲ့ခြင်းဖြစ် ဟုဆို

လုပ်ငန်းအစီအမံ အားနည်းခဲ့သဖြင့် ဆောမြို့ကျောက်မီးသွေးတွင်း ပေါက်ကွဲခဲ့ခြင်းဖြစ် ဟုဆို

စက်တင်ဘာ ၆ ရက်က ဆောမြို့၌ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုတွင် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေစဉ်။(ဓာတ်ပုံ-MDG)

မကွေး၊ စက်တင်ဘာ ၁၂

ဆောမြို့နယ် ကျောက်မီးသွေးတွင်းပေါက်ကွဲမှုတွင် လုပ်ငန်း၌သက်မှတ်ထားသည့်အစီအမံများ အားနည်းသည့်အတွက် သတ္တုတွင်းလုပ်ငန်းများနှင့်ပတ်သက်၍ စိုးရိမ်နေရဟု ဆောမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကော်မတီအဖွဲ့ဝင် ဦးထင်လင်းက စက်တင်ဘာ ၁၁ ရက်က သတင်းထောက်များကို ပြောသည်။

ယခုပေါက်ကွဲမှုဖြစ်ပွားသော သတ္တုတွင်းလုပ်ငန်းတွင် သတ်မှတ်ထားသည့်အစီအမံများ အားနည်းပြီး ကျွမ်းကျင်လုပ်သားတစ်ဦးစနှစ်ဦးစသာရှိကာ ကျန်အလုပ်သမားအများစုမှာ အတွေ့အကြုံမရှိသူများဖြစ်သည်ကို တွေ့ရှိခဲ့ရသည့်အတွက် အားနည်းချက်များ တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ ''သတ္တုတွင်းအတွင်းထဲမှာ အန္တရာယ်ရှိတဲ့ဓာတ်ငွေ့တွေကို တိုင်းတာတဲ့စက်ကိရိယာကို သတ္တုတွင်းအလုပ်သမားတိုင်း ပေးထားရမှာ။ ဒါတွေပေးထားတာမရှိပါဘူး။ လုပ်ငန်းမှာ Save ဖြစ်တဲ့ ဆောင်ရွက်ထားတဲ့အစီအမံတွေ အားနည်းတယ်။ ဒါကြောင့် စိတ်မကောင်းစ ရာ လူအသေအပျောက်တွေ ဖြစ်တယ်။ သတ္တုတွင်းလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့လည်း တော်တော်စိုးရိမ်ပါတယ်''ဟု ဦးထင်လင်းက ဆိုသည်။


အဆိုပါကိစ္စများနှင့်ပတ်သက်၍ သတ္တုတွင်းလုပ်ငန်းများတွင် သတ်မှတ်ချက်များနှင့် လိုက်နာဆောင်ရွက်ချက်များ မည်သို့ရှိသည်ကို မြေပြင်အနေအထားအတိုင်း ကြည့်ရှုလေ့လာ၍ လွှတ်တော်သို့ အစီရင်ခံစာတင်သွင်းနိုင်ရန် မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် သယံဇာတ၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကော်မတီမှ စဉ်းစားထားပြီး တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌထံတင်ပြ၍ ခွင့်ပြုချက်ရပါက ဆောင်ရွက်သွားမည်ဖြစ်သည်။


''ကျောက်မီးသွေးမှမဟုတ်ဘူး။ မြေပေါ်မြေအောက်သယံဇာတတွေကို ကျူးကျော်တယ်။ ထုတ်လုပ်တယ်ဆိုရင် အခြေခံဥပဒေဇယား (၁) အရ ပြည်ထောင်စုကပဲ စီမံခန့်ခွဲတယ်။ ခွင့်ပြုတာရော၊ ထိန်းချုပ်တာရောအကုန် ပြည် ထောင်စုကလုပ်ပါတယ်။ ဥပဒေလည်း ပြည်ထောင်စုမှာပဲရှိတယ်။ ကျွန်တော်တို့က ဒေသဆိုင်ရာအစိုးရဖြစ်တဲ့အတွက် ဘယ်လောက်ခွင့် ပြုထားတယ်၊ ဘယ်လောက်ထုတ်လုပ်တယ်၊ ဘာတွေထုတ်လုပ်တယ်ဆိုတာပဲ တင်ပြရတာဖြစ်ပါတယ်'' ဟု တိုင်းဒေသကြီး သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီးဦးမြင့်ဇော်က ပြောကြားသည်။ မကွေးတိုင်းဒေသကြီးအတွင်း၌ ကျောက်မီးသွေးတွင်းအသေးစား ၃၁ တွင်းနှင့် အကြီးသားသုံးတွင်း ရှိကြောင်း သိရသည်။

ZZ

#democracytoday

Rate this item
(0 votes)
back to top