HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

ပူတာအိုမြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကားလမ်းနှင့် တံတားအချို့ ပျက်စီး  

ပူတာအိုမြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကားလမ်းနှင့် တံတားအချို့ ပျက်စီး   

ပူတာအို၊ စက်တင်ဘာ ၁၃-ကချင် ပြည်နယ် ပူတာအိုမြို့တွင် စက်တင် ဘာ ၁၃ ရက်အထိ မိုးအဆက်မ ပြတ်ရွာသွန်းနေမှုကြောင့် ကျေးရွာ အချို့ရေကြီးရေလျှံမှုများဖြစ်ပေါ် ကာ ကားလမ်း၊ လူသွားလမ်းနှင့် တံတားများ အသုံးပြုသွားလာ၍မ ရအောင် ပျက်စီးခဲ့သောကြောင့် ခရီးသွားယာဉ်များနှင့် ဒေသခံများ အခက်အခဲဖြစ်ပေါ်နေကြောင်း သိ ရသည်။

ယခုအခါ ပူတာအိုမြို့၏ အ ဓိကတံတားတစ်စင်းဖြစ်သော မန် စေကျေးရွာနှင့် မုံငိုရ်ကျေးရွာဆက် သွယ်ထားသော နို့ပလန်ချောင်းကူး တံတားမှာ စက်တင်ဘာ ၄ ရက်မှ စတင်ရွာသွန်းနေသောမိုးနှင့် နန့် ပလန်ချောင်းရေကြီးမှုကြောင့် မုံငိုရ် ကျေးရွာတစ်ဖက်ကမ်း ကြိုးတင် တိုင်များကျိုးကျကာ မျောပါသွား ခဲ့သည့်အတွက် အဆိုပါဒေသမှ ဒေသခံများမှာ သွားလာရေးခက် ခဲနေကြသည်။

 

နန့်ပလန်ချောင်းကူးကြိုးတံ တားအား မန်စေကျေးရွာအုပ်စုအ တွင်းက ဒေသခံတွေက ကိုယ့်အား ကိုယ်ကိုးတည်ဆောက်ခဲ့တာဖြစ် တယ်။ ကြိုးတံတားအရှည်က ၄၅ ပေရှိတယ်။ ဒီတံတားကို ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌရဲ့အကူအညီနဲ့ တည်ဆောက်ခဲ့တာပါ။ အခု ပူတာ အိုမြို့နယ်က ဒါဂိုရှီးဇားကျေးရွာအ တွင်းမှာ ရေကြီးနစ်မြုပ်နေလို့ ကား လမ်းနဲ့ လူသွားလမ်းတွေမှာ လုံးဝ ဖြတ်သန်းသွားလာလို့မရဘူးဖြစ်နေ တယ်။ တော်တော်အခက်အခဲဖြစ် နေကြပါတယ်''ဟု အဆိုပါဒေသမှ ကချင်တိုင်းရင်းသား ဦးဒါရှီဂါဇိုင်း က ပြောကြားသည်။


မိုးရွာသွန်းပြီး ရေကြီးရေလျှံ မှုဖြစ်ပေါ်ခဲ့သောကျေးရွာများမှာ မုံငိုရ်ကျေးရွာနှင့် ဒါဂိုရှီးဇားကျေး ရွာများဖြစ်ပြီး အဆိုပါရွာများ၌ နေအိမ် အချို့ ပျက်စီးမှုဖြစ်ပေါ်နေသည်။ ပူတာအိုမြို့သည် လမ်းပန်းဆက် သွယ်ရေးနှင့် သွားလာရေးအခက် ခဲဆုံး တောင်ပေါ်မြို့တစ်မြို့ဖြစ်သည့် အပြင် ဒေသဖွံ့ဖြိုးမှုအားအနည်း ဆုံး မြို့တစ်မြို့လည်းဖြစ်သည်။ ယခုအခါ ရေကြီးနစ်မြုပ်မှု ဖြစ်ပွားနေသောနေရာများသို့ လူ မှုကူညီရေးအသင်းအဖွဲ့များ၊ လမ်း တံတားဆိုင်ရာ စီမံကြီးကြပ်ရေးအဖွဲ့ များနှင့် အစိုးရဌာနဆိုင်ရာအဖွဲ့ အစည်းများမှ တာဝန်ရှိသူများက ကူညီလုပ်ဆောင်ပေးလျက်ရှိသည်။

 

MMM

#democracytoday

Rate this item
(0 votes)
back to top