HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

တရုတ်နိုင်ငံ ယူနန်ပြည်နယ်၏ စစ်ကိုင်းတိုင်းဒေသကြီး အလင်းရောင်ခရီးစဉ်မှ မျက်စိ အတွင်းတိမ်လူနာ ၃ဝဝ အခမဲ့ကုသ  

တရုတ်နိုင်ငံ ယူနန်ပြည်နယ်၏ စစ်ကိုင်းတိုင်းဒေသကြီး အလင်းရောင်ခရီးစဉ်မှ မျက်စိ အတွင်းတိမ်လူနာ ၃ဝဝ အခမဲ့ကုသ   

မြင်းမူ၊ စက်တင်ဘာ ၁၃- တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ အဖွဲ့များ နှင့် မြန်မာနိုင်ငံမှအဖွဲ့များပါဝင်သည့် ကွန်ရက်ပေါက်ဖော်အဖွဲ့မှ ဦးဆောင်၍ ၂ဝ၁၈ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၏ မြန်မာနိုင်ငံစစ် ကိုင်းတိုင်းဒေသကြီး အလင်းရောင်ဖွင့်ပွဲခရီးကို စက်တင်ဘာ ၁၃ ရက်၊ နံနက်က စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ် ထီးဆောင်း ကျေးရွာရှိ ရွှေရတုတိပိဋကစက္ခုပါလ မျက်စိဆေးရုံရှိရွှေရတု တိပိ ဋကဘောဇနသာလာဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီး ခရီးစဉ်တွင်အတွင်းတိမ် လူနာ ၁၈၄၉ ဦးတို့အားအခမဲ့ ခွဲစိတ်ကုသပေးခဲ့ပြီး ယခုတစ်ကြိမ် တွင် လူနာ ၃ဝဝ တို့အားယူနန်ပြည်နယ်မှ မျက်စိကုကျွမ်းကျင်ဆရာ ဝန်များ၊ သူနာပြုများကဆေးရုံမှ ဆရာ၊ ဆရာမများ၏ပူးပေါင်းပါဝင် ကူညီမှုဖြင့် အခမဲ့ခွဲစိတ်ကုသမည့်အပြင် ဆေးရုံအတွက်ခွဲစိတ်ကိရိယာ နှင့်ဆေးဝါးများ၊ လူနာဝတ်စုံ ၄ဝဝ တို့ကိုပါလှူဒါန်းသည်။


အခမ်းအနားသို့ရွှေရတုတိပိ ဋကစက္ခုပါလမျက်စိဆေးရုံ ပဓာန ဆရာတော် ဘဒ္ဒန္တဝံသပါလာလင်္ကာရ တက်ရောက်ချီးမြှင့်ပြီး မြင်းမူ မြို့နယ်ကျန်းမာရေးဌာနမှ ဆေးရုံအုပ်ကြီး ဒေါက်တာကေသီခိုင်၊ မန္တလေး မြို့အခြေစိုက် တရုတ်နိုင်ငံ ကောင်စစ်ဝန်ချုပ် ဦးကျော်ရင်၊ ယူနန် ပြည်နယ် လူမှုရေးအဖွဲ့အစည်း နိုင်ငံတကာကူးလူးဆက်ဆံမှုတိုးမြှင့် ရေးအသင်းဥက္ကဋ္ဌ ဆေးကုသရေးအဖွဲ့ခေါင်းဆောင် Mrs. Zhou Hong  ၊ မြန်မာတရုတ် ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးပိုမြင့်ထီး ဆောင်၊ ဆေးရုံအုပ်ချုပ်မှုဥက္ကဋ္ဌ ဦးကျော်မြင့်၊ ကြင်းတော်ယန်တို့က အမှတ်တရအမှာစကားများ ပြောကြားကြကြောင်း သိရသည်။

DW

#democracytoday

Rate this item
(0 votes)
back to top