HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

အနံ့ဆေးများထည့်၍ မြေပဲဆီနှင့် နှမ်းဆီအဖြစ် ဈေးချိုစွာ ရောင်းချနေခြင်းနှင့် ဆီထွက်သီးနှံများ ဈေးမြင့်ခြင်းကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ ဆီစက်များ ရပ်နားနေရ  

အနံ့ဆေးများထည့်၍ မြေပဲဆီနှင့် နှမ်းဆီအဖြစ် ဈေးချိုစွာ ရောင်းချနေခြင်းနှင့် ဆီထွက်သီးနှံများ ဈေးမြင့်ခြင်းကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ ဆီစက်များ ရပ်နားနေရ   

စစ်ကိုင်း၊ စက်တင်ဘာ ၂၃

ဈေးကွက်အတွင်း၌ ဈေးနှုန်းချိုသာ သော စားအုံးဆီတွင် အနံ့ဆေးများထည့်၍ မြေပဲဆီနှင့် နှမ်းဆီအဖြစ် ဈေးနှုန်းချိုသာစွာရောင်းချ နေခြင်းနှင့် ဆီထွက်သီးနှံများ ဈေး မြင့်ခြင်းများကြောင့် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းမှ ဆီစက်လုပ်ငန်းများ မလည်ပတ်နိုင်တော့ဘဲ ရပ်နားထားကြရကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဆီစက်ပိုင်ရှင်များ အသင်းဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ ဆီစက်ပေါင်း ၅ဝဝ ခန့်ရှိ နေရာမှ ယခုအခါ ဆီစက် ၅ဝ ခန့်သာ လည်ပတ်နိုင်တော့ပြီး ဆီစက်အများစုရှိရာ မုံရွာစက်မှုဇုန်တွင်လည်း စက်ပေါင်း ၇ဝ တွင် ခုနစ် စက်သာ လုပ်ငန်းမပြတ် လည်ပတ်နိုင်တော့ကြောင်း သိရသည်။ ''ဆီစက်တွေမလည်နိုင်တာ ပြည်ပကတင်သွင်းတဲ့ဆီတွေနဲ့ ဈေးနှုန်းကွာခြားတာရယ်၊ အဲဒီ ပြည်ပက တင်သွင်းတဲ့ဆီတွေကိုပဲ အရောင် တွေ၊ အနံ့တွေထည့်ပြီး လိမ်ရောင်း ကြလို့ပါ''ဟု ဥက္ကဋ္ဌဦးထွန်းထွန်းဦးက ပြောကြားသည်။


ရောနှောဆီဈေးကွက်အပြင် ဆီထွက်သီးနှံကုန်ကြမ်းဖြစ်သော နှမ်းမျိုးစုံမှာလည်း တောင်သူက စိုက်ပျိုးမှုနည်းခြင်း၊ အထွက်လျော့ ကျခြင်းအပြင် ယခုအခါ တရုတ်နိုင်ငံမှ ဈေးကောင်းပေးဝယ်ခြင်းတို့ ကြောင့်လည်း ဆီစက်များဝယ်၍ မကြိတ်နိုင်ကြခြင်းဖြစ်သည်။ ဆီထွက်ကုန်ကြမ်းမြေပဲမှာမူ ပဲစင်းငုံနှင့် မတ်ပဲအစားထိုး၍ တောင်သူများစိုက်ပျိုးလာခြင်း ကြောင့် အခြေအနေမဆိုးကြောင်းသိရသည်။ မြန်မာတစ်နိုင်ငံလုံးအတိုင်း အတာအနေဖြင့် ဆီစက်ပေါင်း သုံး ထောင်ကျော်ရှိပြီး ပြည်တွင်းဆီစားသုံးမှုအား ၅ဝ ရာခိုင်နှုန်းသာဖြည့်တင်းပေးနိုင်သောကြောင့် ပြည်ပမှဆီများ မှာယူသုံးစွဲနေကြရခြင်း ဖြစ်ကြောင်း သိရသည်။

KTS

#democracytoday

Rate this item
(0 votes)
back to top