HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

တာချီလိတ် ခရိုင်အတွင်းမှ အသက် (၉ဝ)နှစ်အထက် ဘိုးဘွား ၁ဝ၉ ဦးကို လူမှုရေးပင်စင် ပေးအပ်သွားမည်

တာချီလိတ် ခရိုင်အတွင်းမှ အသက် (၉ဝ)နှစ်အထက် ဘိုးဘွား ၁ဝ၉ ဦးကို လူမှုရေးပင်စင် ပေးအပ်သွားမည်

တာချီလိတ်၊ အောက်တိုဘာ ၆

၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာရေးနှစ်မီနီ ဘတ်ဂျက်တွင် ရှမ်းပြည်နယ်(အ ရှေ့ပိုင်း)တာချီလိတ်ခရိုင်အတွင်း မှ အသက်(၉ဝ)နှစ်အထက် ဘိုး ဘွား ၁ဝ၉ ဦးကို အမျိုးသားလူမှု ရေးပင်စင်ပေးအပ်သွားမည်ဖြစ် ကြောင်း သိရသည်။ လူမှုရေးပင်စင်(သို့မဟုတ်) ဘိုးဘွားပင်စင်သည် လူမှုဝန်ထမ်း ဦးစီးဌာနမှ ဦးဆောင်၍ အမျိုးသား အဆင့် မဟာဗျူဟာချမှတ်ကာ မြန်မာတစ်နိုင်ငံလုံး လူမှုကာကွယ် စောင့်ရှောက်ရေးကို စီမံချက်နှင့် လုပ်ငန်းစဉ်ရှစ်ရပ်ရေးဆွဲပြီး လူမှု ရေးပင်စင်ကို ထည့်သွင်းထောက် ပံ့ပေးအပ်နေခြင်းဖြစ်သည်။

''ထောက်ပံ့ပေးအပ်ရာမှာ သန်းခေါင်စာရင်းနဲ့ စိစစ်ရေးကတ် ပြားမရှိတဲ့ ဘိုးဘွားတို့အတွက် ယင်းကျေးရွာမှ ကျေးရွာအုပ်ချုပ် ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး နဲ့ရပ်မိရပ်ဖနှစ်ဦးတို့က ထောက်ခံ ချက်ပေးမှသာ လူမှုရေးပင်စင်ကို အကျိုးခံစားခွင့်ရရှိမှာဖြစ်ပါတယ်။ အသက်(၈၅)နှစ်အထက် ဘိုးဘွား များအား ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာ ရေးနှစ်အတွင်း ထောက်ပံ့ပေးအပ် သွားမှာဖြစ်ပါတယ်''ဟု ရှမ်းပြည် နယ်(အရှေ့ပိုင်း) လူမှုဝန်ထမ်းရုံး မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က ပြောသည်။


ရှမ်းပြည်နယ် (အရှေ့ပိုင်း)အနေ ဖြင့် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာ ရေးနှစ် မီနီဘတ်ဂျက်ပထမသုံးလ ပတ်တွင် ၂၆၆ ဦး၊ ဒုတိယသုံးလ ပတ်တွင် ဘိုးဘွား ၂၈၆ ဦးတို့ကို လူမှုရေးပင်စင်ပေးအပ်သွားမည် ဖြစ်ပြီး တာချီလိတ်ခရိုင်အတွင်းရှိ မြို့နယ်သုံးမြို့နယ်မှ အဘိုး ၃၈ ဦး၊ အဘွား ၇၁ ဦး၊ စုစုပေါင်း ၁ဝ၉ ဦးကို ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာ နမှ သိရသည်။


ဘိုးဘွားများအား အမျိုး သားလူမှုရေးပင်စင်အကောင်အ ထည်ဖော်ခြင်းဆိုင်ရာဆွေးနွေးပွဲ ကို အောက်တိုဘာ ၄ ရက် နံနက် က တာချီလိတ်မြို့ ဝိန်းကျောက် ရပ်ကွက်ရှိ လူမှုဝန်ထမ်းမူလတန်း ကြိုကျောင်း၌ သက်ဆိုင်ရာဌာန များမှ ဝန်ထမ်းများနှင့်ဆန်ဆိုင်း (က)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများက အသက်(၉ဝ)နှစ်အထက် ဘိုးဘွားတစ်ဦးလျှင် ငွေကျပ် ၃ဝဝဝဝ နှုန်းဖြင့်ထောက် ပံ့ကြေးငွေပေးအပ်ခဲ့ပြီး ဘိုးဘွား များအတွက် ကျန်းမာရေးဆိုင်ရာ အားပေးစကားများပြောကြားခဲ့ကြ ကြောင်းသိရသည်။ 

TT

#democracytoday

Rate this item
(0 votes)
back to top