HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

ကလေးမြို့တွင် တစ်လအတွင်း ဆန်တစ်အိတ် ကျပ်ငါးထောင်ဈေးတက်

ကလေးမြို့တွင် တစ်လအတွင်း  ဆန်တစ်အိတ် ကျပ်ငါးထောင်ဈေးတက်

ကလေး၊ အောက်တိုဘာ ၇

စစ်ကိုင်းတိုင်းဒေသကြီး ကလေး ဒေသထွက်ဆန်များကို မုံရွာဘက်မှ ဝယ်ယူမှုများလာသည့်အတွက် ယခင်လက ဆန်တစ်အိတ် ကျပ် ၃၁ဝဝဝ ဝန်းကျင်ဈေးရှိခဲ့ရာမှ အောက်တိုဘာလဆန်းရက်ပိုင်းတွင် ဆန်တစ်အိတ် ကျပ် ၃၆ဝဝဝ အထိ ဈေးနှုန်းခုန်တက်သွားကြောင်း ကလေးမြို့ ဆန်ပွဲရုံဈေးကွက် မှ သိရသည်။

''ကလေးဒေသထွက်ဆန်ကို ချင်းတောင်ပေါ်မြို့တွေဖြစ်တဲ့ ဟားခါး၊ ဖလမ်း၊ တီးတိန်က ဆန်အိတ်သောင်းချီပြီး ဝယ်ယူမှုရှိပါတယ်။ ကလေးဝ၊ မင်းကင်းမြို့တွေကလည်း ဝယ်ယူမှုရှိပါတယ်။ ကလေးဒေသထွက်ဆန်ကို ဒေသတွင်းမှာပဲ ရောင်းဝယ်စားသုံးရင် ဈေးမတက်ပါဘူး။ မုံရွာ-မန္တလေး-ပခုက္ကူဘက်က အဝယ်လိုက်လာရင် ဈေးတက်တယ်''ဟု ကလေးမြို့ ရာဇဂြိုဟ်စတား ဆန်ပွဲရုံပိုင်ရှင် ဦးညီက ပြောသည်။ ယခုရက်ပိုင်းတွင် ဆန်ပွဲရုံများ၊ ဆန်လှောင်လက်များမှ ဆန်စပါးများ ရောင်းချလျက်ရှိသော်လည်း မုံရွာဆန်ဝယ်ယူသူများက လာရောက်ဝယ်ယူမှုများပြားလာသည့်အတွက် ကလေးဆန်ဈေးကွက်တွင် ဈေးတက်ရခြင်းဖြစ်ကြောင်း သိရသည်။


ယခုရက်ပိုင်း ဧရာမင်းစပါးတစ်တင်းကို ကျပ် ၉၅ဝဝ၊ ချင်းသုခ၊ မနောသုခစပါးတစ်တင်း ကျပ် ၈ဝဝဝ နှင့် ပေါ်ဆန်းအုပ်စု စပါးတစ်တင်းလျှင် ကျပ် ၇ဝဝဝ ဖြစ်ပြီး ဆန်ဈေးနှုန်းမှာ ဧရာမင်း တစ်တင်းခွဲတစ်အိတ်လျှင် ကျပ် ၃၆ဝဝဝ ချင်းသုခ၊ မနောသုခတစ်အိတ် ကျပ် ၃ဝဝဝဝ၊ ဆန်ကြမ်းအုပ်စု တစ်တင်းခွဲအိတ် တစ်အိတ်လျှင် ကျပ် ၂၁ဝဝဝ မှ ကျပ် ၂၇ဝဝဝ အထိ ဈေးနှုန်းရှိသည်။ ကလေးဒေသတွင် ၂ဝ၁၅ ခုနှစ်က သဘာဝဘေးကျရောက်မှုကြောင့် စပါးစိုက်ဧကလျော့ကျမှုများရှိသော်လည်း ယခုနှစ်မိုးရာသီတွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခြင်းမရှိသည့်အတွက် လာမည့် စပါးပေါ်ရာသီတွင် အထွက်နှုန်းကောင်းမွန်နိုင်ကြောင်း ကလေးမြို့ နယ် စိုက်ပျိုးရေးဌာန၏ ခန့်မှန်းချက်အရ သိရသည်။ 

MOS

#democracytoday

Rate this item
(0 votes)
back to top