HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

ဆေးလိပ်နှင့် ဆေးရွက်ကြီး ထွက်ပစ္စည်းများ သုံးစွဲမှုကြောင့် နှစ်စဉ် လူခြောက်သောင်းကျော် သေဆုံးနေ

ဆေးလိပ်နှင့် ဆေးရွက်ကြီး ထွက်ပစ္စည်းများ သုံးစွဲမှုကြောင့် နှစ်စဉ် လူခြောက်သောင်းကျော် သေဆုံးနေ

ရန်ကုန်၊ အောက်တိုဘာ ၈

မြန်မာ နိုင်ငံတွင် လူတစ်ရာတွင် ၄၃ ဦး ကျော်သည် ကွမ်းယာအပါအဝင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများကို သုံးစွဲနေပြီး အဆိုပါ သုံးစွဲမှုများကြောင့် မကူးစက်နိုင် သော ရောဂါများဖြစ်ကာ နှစ်စဉ် လူခြောက်သောင်းကျော်သေဆုံးနေကြောင်း သိရသည်။

အဆိုပါအကြောင်းကို အောက်တိုဘာ ၈ ရက်တွင် ပြည်သူ့ကျန်း မာရေးဖောင်ဒေးရှင်းရုံး၌ ကျင်းပ ပြုလုပ်သော အောက်တိုဘာ ၁ဝ ရက်တွင် နေပြည်တော်၌ကျင်းပမည့်''ကွမ်းယာနှင့် ဆေးရွက်ကြီး ထွက်ပစ္စည်းများထိန်းချုပ်ရေးအတွက် မီဒီယာမှတစ်ဆင့်လူထုလှုံ့ ဆော်လှုပ်ရှားပွဲ ၂ဝ၁၈''အခမ်းအနားပြုလုပ်မည့်အကြောင်း စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းဒုတိယဥက္ကဋ္ဌ ဒေါက်တာသိန်းဆွေကပြောသည်။


''ကွမ်းယာအပါအဝင် ဆေးလိပ်နဲ့ ဆေးရွက်ကြီးထွက်ပစ္စည်း တွေအသုံးပြုတဲ့အတွက် နောက်ဆက်တွဲဆိုးကျိုးတွေအနေနဲ့ မကူးစက်နိုင်တဲ့ရောဂါတွေဖြစ်ပွားပြီး သေဆုံးတဲ့သူနှစ်စဉ် ၆ဝဝဝဝ ခန့်ရှိပါတယ်။ ပုံသေတော့မဟုတ်ဘူး။ကျော်ချင်လည်း ကျော်နိုင်ပါတယ်။ မြန်မာနိုင်ငံမှာ သေဆုံးသူစုစု ပေါင်းရဲ့တစ်ဝက်ခန့်(၅ဝ ရာခိုင်နှုန်း)က ဆေးလိပ်နဲ့ဆေးရွက် ကြီးထွက်ပစ္စည်းတွေကြောင့် ဖြစ်ပွားတဲ့မကူးစက်တတ်သောရောဂါတွေကြောင့် သေဆုံးရတာဖြစ်ပါတယ်။ မြန်မာနိုင်ငံက ဆေးလိပ်နဲ့ ဆေးရွက်ကြီးထွက်ပစ္စည်းတွေ သုံးတာ အာဆီယံမှာ ထိပ်ဆုံးပဲ။ အသက်၂၅ နှစ်ကနေ ၆ဝ နှစ်ကြား ဆေးလိပ်နဲ့ ဆေးရွက်ကြီးထွက် ပစ္စည်းသုံးစွဲသူ ၄၃ ဒသမ ၂ ရာခိုင် နှုန်းရှိတယ်။ လူ ၁ဝဝ မှာ ၄၃ ဦး ကျော်က သုံးစွဲနေပါတယ်။ ဒါကို လျှော့ချဖို့လိုပါတယ်''ဟု ၎င်းက ပြောသည်။

 

ကွမ်းယာအပါအဝင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများကိုသုံးစွဲနေမှုကြောင့်ဖြစ်ပွားလာသော မကူးစက်သောရောဂါများကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ကုသပေးလျက်ရှိ ကြောင်း၊ ယင်းရောဂါများမဖြစ်ပွားအောင် အသိပညာပေးခြင်းနှင့် ဖြစ်ပွားမှုရှိ၊မရှိ သိရအောင် အခမဲ့စမ်းသပ်စစ်ဆေးပေးသွားမည်ဖြစ် ကြောင်းသိရသည်။ ''ကျန်းမာရေးဝန်ကြီးဌာနအ နေနဲ့ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများသုံးစွဲမှုကြောင့်ဖြစ် ပေါ်လာသောရောဂါတွေကို ကုသ ပေးလျက်ရှိသလို၊ အဖြစ်များတဲ့ ဆီးချို၊ သွေးတိုးရောဂါတွေ ရှိ၊ မရှိ အခမဲ့စမ်းသပ်ပေးခြင်းတွေကို တိုင်း ဒေသကြီးတွေမှာရှိတဲ့ ဒေသန္တရ ဆေးခန်းတွေနဲ့ ကျေးလက်ဆေး ပေးခန်းတွေမှာ စတင်ဆောင်ရွက်သွားဖို့ရှိပါတယ်''ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ပြည် သူ့ကျန်းမာရေးဦးစီးဌာန၊ မကူးစက်တတ်သောရောဂါများကာ ကွယ်ထိန်းချုပ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာ ဦးကျော် ကံကောင်းက ပြောသည်။


သက်ဆိုင်ရာတိုင်းဒေသကြီးမှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်ဒေသ အလိုက်ခန့်အပ်ထားသည့် ကျန်း မာရေးသံတမန်များ ပူးပေါင်း၍ ကျောင်းများနှင့် တက္ကသိုလ်များတွင် ဟောပြောပွဲများပြုလုပ်ခြင်း၊ မီဒီယာများမှတစ်ဆင့် အသိပညာများ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်သင့်ကြောင်း သိရသည်။ ''ကိုယ်ကြိုက်တဲ့အနုပညာရှင် တွေပါတော့ ကျောင်းသား၊ လူငယ် တွေက ပိုနားထောင်ချင်တာပေါ့။ ရန်ကုန်တိုင်းဒေသကြီးမှာဆိုရင် ပိုင် ဖြိုးသုနဲ့ စိုးညီညီထွန်းတို့ကို ကျန်းမာ ရေးသံတမန်တွေခန့်ထားတယ်။ နာဂမှာဆိုရင် မာရီကိုးလ်ကို ခန့်ထားတယ်။ ဟောပြောပွဲတွေမှာ သူတို့ တက်ရောက်ပါဝင်မယ်ဆိုရင်တော့ ပိုထိရောက်မယ်ထင်ပါတယ်''ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးအသိပညာမြှင့်တင် ရေးဌာနခွဲ၊ ညွှန်ကြားရေးမှူး ဒေါ်ဖြူ ဖြူအေးက ပြောသည်။ 

TTHL

#democracytoday

Rate this item
(0 votes)
back to top