HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

စစ်ကိုင်းမြို့ ရာဇမဏိ စူဠာကောင်းမှုတော်စေတီ၏ တန်ဆောင်တိုင် ဗုဒ္ဓပူဇနိယပွဲတော်တွင် မီးပုံးပျံပွဲ ထည့်သွင်း ကျင်းပမည်

စစ်ကိုင်းမြို့ ရာဇမဏိ စူဠာကောင်းမှုတော်စေတီ၏ တန်ဆောင်တိုင် ဗုဒ္ဓပူဇနိယပွဲတော်တွင် မီးပုံးပျံပွဲ ထည့်သွင်း ကျင်းပမည်

စစ်ကိုင်း၊ အောက်တိုဘာ ၉

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ရှိ ရာဇမဏိစူဠာ ကောင်းမှုတော်စေတီ တော်၏ တန်ဆောင်တိုင်ဗုဒ္ဓဇနိယပွဲတော်တွင် ပထမဆုံးအကြိမ်အဖြစ် မီးပုံးပျံပွဲကို ထည့်သွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

''ဒီနှစ်က စမ်းသပ်တဲ့အနေနဲ့ ပေါ့။ ပထမဆုံးအကြိမ် ကျင်းပမှာ ဖြစ်ပါတယ်။ တန်ဆောင်မုန်းလဆန်း ၁၄ ရက် အဖိတ်နေ့နဲ့ တန်ဆောင် မုန်းလပြည့်နေ့တို့မှ ကျင်းပမှာပါ'' ဟု ရာဇမဏိစူဠာကောင်းမှုစေတီ တော် ဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးတင်မျိုးလွင်က ပြောကြားသည်။ ကောင်းမှုတော်စေတီတော် တန်ဆောင်တိုင်ဗုဒ္ဓပူဇနိယပွဲ တော်ကို နိုဝင်ဘာ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် ကျင်းပမည်ဖြစ်ပြီး နိုဝင်ဘာ ၂၁ ရက်တွင်မီးပုံးပျံ နှစ်လုံး၊ နိုဝင်ဘာ ၂၂ ရက်တွင် မီးပုံးပျံ သုံးလုံးလွှင့်တင်ပူဇော်မည် ဖြစ်သည်။


မီးပုံးပျံလွှင့်တင်နိုင်ရန် တောင်ကြီးမှ မီးပုံးပျံပညာရှင်များက လာ ရောက်ဆောင်ရွက်ပေးမည်ဖြစ်ပြီး ဟိုတယ်နှင့် တည်းခိုရိပ်သာလုပ် ငန်းရှင်များအဖွဲ့က မီးပုံးပျံတစ်လုံး၊ အောင်သာစက်သုံးဆီရောင်းဝယ် ရေးက မီးပုံးပျံတစ်လုံး၊ စစ်ကိုင်း မြို့စက်သုံးဆီလုပ်ငန်းရှင်များအ သင်းက မီးပုံးပျံတစ်လုံး၊ ရာဇမဏိစူဠာကောင်းမှုစေတီတော် ဘုရား ဂေါပကအဖွဲ့က မီးပုံးပျံတစ်လုံးလွှင့်တင်ပူဇော်မည်ဖြစ်သည်။


အဆိုပါ လွှင့်တင်ပူဇော်မည့် မီးပုံးပျံတစ်လုံးလျှင် အမြင့် ၁၅ ပေ၊ ၁၈ ပေရှိမည်ဖြစ်ပြီး မီးအလှအတွက်ယမ်းပိဿာချိန် ရှစ်ပိဿာ အသုံးပြုရန် လျာထားပြီးတန်ဆောင်တိုင် ဗုဒ္ဓပူဇနိယပွဲတော်ကိုကောင်းမှုတော်စေတီတော်ကြီး၏ တောင်ဘက်ကွင်း၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ 

AXE

#democracytoday

Rate this item
(0 votes)
back to top