တရုတ်-မြန်မာ ချစ်ကြည်ရေးအဖြစ် မွေးရာပါ နှလုံးရောဂါဝေဒနာရှင် ကလေး ၁ဝ ဦးကို ယူနန်ပြည်နယ် ကူမင်းမြို့တွင် ကုသပေးမည်

ရန်ကုန်၊ အောက်တိုဘာ ၉
တရုတ်-မြန်မာ နှစ်နိုင်ငံချစ်ကြည် ရေးအဖြစ် မြန်မာနိုင်ငံမှမွေးရာပါ နှလုံးရောဂါဝေဒနာရှင် ကလေးငယ်ဆယ်ဦးကို တရုတ်နိုင်ငံယူနန် ပြည်နယ်ကူမင်းမြို့တွင် ခွဲစိတ်ကု သပေးမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါအစီအစဉ်ကို တရုတ်အမျိုးသားကုသိုလ်ဖြစ်အဖွဲ့ချုပ်မှ ကိုယ်စားလှယ်၊ ပြန်ကြားရေးနယ် ပယ်ပရဟိတအဖွဲ့ခွဲဥက္ကဋ္ဌ Mr. Xu Yi Xuan ဦးဆောင်သော အဖွဲ့က ဦးဆောင်ဆောင်ရွက်ပေး ခြင်းဖြစ်ပြီး အောက်တိုဘာ ၁ဝ ရက်တွင် ကူမင်းမြို့သို့သွားရောက် ကြမည်ဖြစ်ကြောင်းသိရသည်။ ''နှစ်နိုင်ငံချစ်ကြည်ရေး အစီအစဉ်အနေနဲ့ တရုတ်အမျိုးသားကုသိုလ်ဖြစ်အဖွဲ့ချုပ်က ဆောင်ရွက်ပေးတာဖြစ်ပါတယ်။ မွေးရာပါ နှလုံးရောဂါခံစားနေရတဲ့ကလေး ဆယ်ဦးနဲ့ မိခင်ဆယ်ဦး မနက်ဖြန် အောက်တိုဘာ ၁ဝ ရက်မှာ ကူမင်းမြို့ကို သွားရောက်ကြမှာပါ''ဟု ရန်ကင်းကလေးဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်ခိုင်က ပြောခဲ့သည်။
သွားရောက်ခွဲစိတ်ကုသရမည့်ကလေးများထဲမှ ကလေးတစ်ဦး၏မိခင် ဒေါ်ဝေဝေဇင်က ''ကူမင်းမှာရှိတဲ့ နှလုံးကုသတဲ့ နံပါတ် ၁ ဆေးရုံကြီးမှာကုရမှာပါ။ သားလေးနဲ့အတူလိုက်သွားမှာပါ။ မိဘဆိုတော့ သူ့အစားကိုယ်ပဲ ဖြစ်လိုက်ပါတော့လားလို့တောင် တွေးမိပါတယ်။ ဟိုမှာက စက်ကိရိယာတွေ ပိုကောင်းတယ်လို့ပြောပါတယ်''ဟုပြောသည်။ ကလေးငယ်ဆယ်ဦးအားခွဲ စိတ်ကုသရမည်ဖြစ်ရာ ရက်ပေါင်း ၂ဝ မှ တစ်လခန့်အထိ ကြာမြင့် နိုင်မည်ဖြစ်ကြောင်း ရန်ကင်းက လေးဆေးရုံအုပ်ကြီးထံမှသိရှိရသည်။
TTHL
#democracytoday