HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

ကျိုက်ထီးရိုးစေတီတော် နယ်မြေမှ ဆိုင်ခန်းခများ တိုးမြှင့်ကောက်ခံရခြင်းမှာ အမှိုက်ပြဿနာဖြေရှင်းရန် အတွက်ဟု ပြည်နယ်ဝန်ကြီးချုပ်ပြော

ကျိုက်ထီးရိုးစေတီတော် နယ်မြေမှ ဆိုင်ခန်းခများ တိုးမြှင့်ကောက်ခံရခြင်းမှာ အမှိုက်ပြဿနာဖြေရှင်းရန် အတွက်ဟု ပြည်နယ်ဝန်ကြီးချုပ်ပြော

မော်လမြိုင်၊ အောက်တိုဘာ ၁ဝ

မွန် ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးစေတီတော်နယ်မြေအတွင်းရှိ ဈေးဆိုင်ခန်းများ၏ ဆိုင်ခန်းခများကို ယခုနှစ်တွင် ၂ဝ ရာခိုင်နှုန်းတိုးမြှင့်ကောက်ခံခြင်းမှာ ကျိုက်ထီးရိုးနယ်မြေအတွင်းရှိ အမှိုက် ပြဿနာများကို ဖြေရှင်းဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက အောက်တိုဘာ ၉ ရက်တွင် ပြောကြားသည်။

''အမှိုက်ပြဿနာက နှစ်စဉ် နှစ်တိုင်းရှင်းမယ့်လူမရှိဘူး။ ကုမ္ပဏီခေါ်ပြလိုက် ကြည့်ပြီးပြန်သွားလိုက်နဲ့ ဖြစ်မလာဘူး။ ဒီနှစ်တော့ တင်ဒါခေါ်တယ်။ သင့်တော်တဲ့ TMA ကုမ္ပဏီကို ရွေးချယ်အပ်လိုက်တယ်။ အမှိုက်ခွဲစက်လိုတယ်၊ အမှိုက်မီးရှို့စက်လိုတယ်။ ပြီးတော့ ကျိုက်ထီးရိုးစေတီတော်မှာ သန့်ရှင်းရေး၊ သောက်သုံးရေ၊ လျှပ်စစ်မီးနဲ့ မိလ္လာစနစ်တွေလိုတယ်။ အားလုံးအတွက် ငွေကျပ်သန်း ရှစ်ရာလောက်ခန့်မှန်းထားတယ်။ ဘုရားဂေါပကငွေကိုလည်း မသုံးချင်တော့ အခုလိုဈေးဆိုင်ခန်းတွေကို အရင်နှစ်တွေလို ၁ဝ ရာခိုင်နှုန်းမဟုတ်တော့ဘဲ ၂ဝ ရာခိုင်နှုန်း တိုးကောက်ဖို့ ဆုံးဖြတ်ရခြင်းဖြစ်ပါတယ်''ဟု ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကပြောသည်။


ကျိုက်ထီးရိုးနယ်မြေတွင် ရင်ပြင်တော်စခန်း၊ ကင်မွန်းစခန်း၊ ရသေ့တောင်စခန်း၊ ရေမြောင်ကြီး စခန်းတို့တွင် ရောင်းချနေသည့်ဆိုင် ခန်းပေါင်း ၂ဝဝ ခန့်ရှိပြီး လုပ်ငန်း အမျိုးအစားပေါင်း ၅ဝ ကျော်ရှိသည်။ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် တွင် ဆိုင်ခန်းများနှင့် လုပ်ငန်းများမှ လေးလရရှိငွေမှာ ငွေကျပ် သိန်းတစ်သောင်းခန့်ရှိကြောင်း၊ ဂေါပကအဖွဲ့အပြောင်းအလဲမပြု လုပ်ရသေးသဖြင့် ဈေးဆိုင်များ နှင့် လုပ်ငန်းများကို ယခုနှစ်အတွက် မကောက်ခံရသေးကြောင်း၊ ယခုနှစ်က ဈေးဆိုင်သေးပါက ငွေကျပ်သိန်း ၃ဝ ပေးသွင်းရပြီး လုပ်ငန်းကြီးပါက ငွေကျပ်သိန်း ၂ဝဝ ကျော်အထိ ပေးသွင်းရသည့် ဆိုင်များရှိကြောင်း ဂေါပကအဖွဲ့ ခေါင်းဆောင်ဦးကျော်ဝင်းလှိုင်က ပြောကြားသည်။ ကျိုက်ထီးရိုးစေတီတော်ကို သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေ့အထိ နှစ်စဉ်ဖွင့်လှစ် ထားကြောင်း သိရသည်။ 

AHO

 #democracytoday

Rate this item
(0 votes)
back to top