HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

မြန်မာနိုင်ငံတွင် သဘာဝဘေးကြောင့် နှစ်နှစ်ခွဲကာလအတွင်း လူပေါင်း ၁၄ဝဝ ကျော် သေဆုံးခဲ့

မြန်မာနိုင်ငံတွင် သဘာဝဘေးကြောင့် နှစ်နှစ်ခွဲကာလအတွင်း လူပေါင်း ၁၄ဝဝ ကျော် သေဆုံးခဲ့

ရန်ကုန်၊ အောက်တိုဘာ ၁၆

မြန်မာနိုင်ငံတွင် သဘာဝဘေးကြောင့် နှစ်နှစ်ခွဲကာလအတွင်း လူပေါင်း ၁၄ဝဝ ကျော် သေဆုံးခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏စာရင်းများအရ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်မှ ၂ဝ၁၈-၂ဝ၁၉ စက်တင်ဘာလအထိ စုစုပေါင်းဘေးဖြစ်ပွားမှု ၆၆ဝ၇ ကြိမ်၊ လူပေါင်း ၁၄၁၂ ဦး သေဆုံး ခဲ့ပြီး အဆိုပါဘေးဖြစ်ပွားမှုများအတွက် ထောက်ပံ့မှုစုစုပေါင်း ကျပ် ၁၆ ဒသမ ၂၃၉ ဘီလီယံသုံးစွဲခဲ့ကြောင်း သိရသည်။

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက''နှစ်နှစ်ခွဲကာလအတွင်းမှာ သဘာဝဘေး ကြောင့် သေဆုံးသူစုစုပေါင်း ၁၄ဝဝ ကျော်ရှိပါတယ်။ ရေဘေး ကြောင့် သေဆုံးမှု၊ မီးဘေးကြောင့်သေဆုံးမှု၊ မိုးကြိုးဘေးကြောင့် သေဆုံးမှုစသဖြင့် ဘေးတွေကြောင့် သေဆုံးမှုအားလုံးပါဝင်ပါ တယ်''ဟု ဒီမိုကရေစီတူဒေးသို့ အောက်တိုဘာ ၁၆ ရက်က ပြော သည်။ အစိုးရအနေဖြင့် ဘေးဖြစ်ပွားမှုများအတွက် ကူညီထောက်ပံ့ မှုများအပြင် Cyclone Shelters, multipurose shelters များတည် ဆောက်ခြင်း၊ မြစ်ကမ်းထိန်း၊ မြစ်ထိန်းနံရံများပြုလုပ်ပေးခြင်း၊ လမ်း တံတားများ၊ တာတမံများပြုပြင်တည်ဆောက်ခြင်း၊ ရေတွင်းရေကန် များ တူးဖော်ပြုပြင်ခြင်း၊ စက်လှေ၊ Fiber လှေ Life- Jackets;  များထောက်ပံ့ခြင်း စသည့်သဘာဝဘေးကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ပါးရေးလုပ်ငန်းများနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုများအတွက် စုစုပေါင်းကျပ် ၂၈ ဒသမ ၇၇၂ ဘီလီယံ ကို သုံးစွဲခဲ့ကြောင်း သိရသည်။


အစိုးရအနေဖြင့် ဘေးဖြစ်ပြီး နောက်အလျင်အမြန် ထောက်ပံ့ ကူညီမှုလုပ်ငန်းများဆောင်ရွက်လျက်ရှိသလို ကြိုတင်ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများမှာလည်း ပိုမိုရင်းနှီးမြှုပ်နှံကာ ဘေး ဒဏ်ခုခံရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိသည့် ရပ်ရွာအသိုက်အဝန်းဖြစ်စေ ရေး ပိုမိုအရေးပေးဆောင်ရွက်နေကြောင်း သိရသည်။ သဘာဝဘေးအန္တရာယ်များသည် နိုင်ငံတစ်နိုင်ငံ၏ရေရှည် တည်တံ့သည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းများကို အဟန့်အတားဖြစ်စေသည့် အဓိကစိန်ခေါ်မှုတစ်ရပ်ဖြစ်ခြင်းကြောင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာလုပ်ငန်းစဉ်များ၊ စီမံကိန်းများ တွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေးလုပ်ငန်းစဉ်များကို ပေါင်း စပ်ထည့်သွင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း သိရသည်။

AA

#democracytoday

Rate this item
(0 votes)
back to top