HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

ယခုနှစ် ကျင်းပမည့် နာဂရိုးရာ နှစ်သစ်ကူးပွဲတော်တွင် မျိုးနွယ်စု ရိုးရာသူကြီး၏ အိမ်များ တည်ဆောက်ပြသမည်

ယခုနှစ် ကျင်းပမည့် နာဂရိုးရာ နှစ်သစ်ကူးပွဲတော်တွင် မျိုးနွယ်စု ရိုးရာသူကြီး၏ အိမ်များ တည်ဆောက်ပြသမည်

မုံရွာ၊ အောက်တိုဘာ ၁၆

၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၁၅ ရက်တွင်ကျရောက်မည့် နာဂရိုးရာနှစ် သစ်ကူးပွဲတော်၌ မျိုးနွယ်စု ရိုးရာသူကြီးအိမ်များ၏ ပုံစံတူအိမ်ကို တည်ဆောက်၍ ပထမဆုံးအကြိမ် ထည့်သွင်းပြသသွားမည်ဖြစ်ကြောင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ထံမှ သိရသည်။

အဆိုပါအိမ်များတည်ဆောက် ရေးအတွက် အလှူရှင်များမှလည်း တစ်အိမ်လျှင် ငွေကျပ်သိန်း ၃ဝ နှုန်းဖြင့် တိုင်းဒေသကြီးအစိုးရထံသို့ ဆက်သွယ်လှူဒါန်းနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ နာဂစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ဗဟို) တို့မှလည်း ကူညီသွားမည် ဖြစ်ကာ ပွဲတော်ကျင်းပမည့် လေရှီး မြို့နယ်ရှိ လူမျိုးနွယ်စုခြောက်မျိုး၏ ယဉ်ကျေးမှုအိမ်များကိုပါ အစုံအလင် ထည့်သွင်းပြသပေးသွား မည်ဖြစ်သည်။

 

''အခြားမျိုးနွယ်စုအိမ်တွေလည်း ပါလာနိုင်တယ်။ ပြထားတယ်ဆိုပေမယ့် လူတွေလည်း အဲဒီမှာ တည်းခိုနေနိုင်အောင် စီစဉ် ပေးထားတယ်။ အဲဒီကရလာတဲ့ ရန်ပုံငွေကို ရိုးရာယဉ်ကျေးမှုအတွက် ထည့်သွင်းအသုံးပြုမယ်''ဟု နာဂဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးကေ ဆိုင်းက ပြောကြားသည်။ ယခုနှစ် နာဂရိုးရာနှစ်သစ် ကူးပွဲတော်သည် လေရှီးမြို့တွင် အလှည့်ကျပြီး စစ်ကိုင်းတိုင်းဒေသ ကြီး ဟိုတယ်နှင့် ခရီးသွားလာရေး ဌာနမှလည်း ခရီးသွားမှုမြှင့်တင်နိုင်ရန် ကုန်းလမ်း၊ ရေလမ်း၊ လေ ကြောင်းလမ်းပြခရီးစဉ်များကိုပြုစု ၍ ဝက်ဘ်ဆိုက်တွင် ကြေညာပေး သွားမည်ဖြစ်ကြောင်း သိရသည်။

KTS

#democracytoday

Rate this item
(0 votes)
back to top