HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

ဧရာဝတီမြစ်အတွင်း ငါးမျိုးပြန့်ပွားရေးနှင့် ငါးသယံဇာတ တိုးပွားရေးအတွက် ငါးတန်အကောင်ရေနှစ်သိန်း စိုက်ထည့်

ဧရာဝတီမြစ်အတွင်း ငါးမျိုးပြန့်ပွားရေးနှင့် ငါးသယံဇာတ တိုးပွားရေးအတွက် ငါးတန်အကောင်ရေနှစ်သိန်း စိုက်ထည့်

မန္တလေး၊ နိုဝင်ဘာ ၆

ငါးလုပ်ငန်း ဦးစီးဌာနနှင့် ကိုရီးယားအပြည် ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးအေဂျင်စီ (KOICA) တို့ ပူး ပေါင်း၍ ဧရာဝတီမြစ်အတွင်း ငါးတန်ငါးအမျိုးအစား အကောင် ရေ ၂ဝဝဝဝဝ စိုက်ထည့်ခဲ့ကြောင်း ရေချိုငါးမွေးမြူရေးသုတေသနနှင့် တိုးချဲ့ပညာပေးရေးဗဟိုဌာနမှ သိရသည်။

''ရေချိုငါးမွေးမြူရေးသုတေ သနနဲ့ တိုးချဲ့ပညာပေးရေးဗဟို ဌာနကရရှိတဲ့ ငါးတန်နဲ့မန္တလေး တိုင်းဒေသကြီးအတွင်းက ငါးသား ဖောက်စခန်းတွေက ရရှိတဲ့ငါးတန် တွေကို မျိုးစိုက်ထည့်ပေးခြင်းဖြင့် သဘာဝရေပြင်တွေမှာ ငါးမျိုးပြန့် ပွားစေရေးနဲ့ ငါးထုတ်လုပ်မှုတိုး တက်စေရေးအတွက် အထောက် အကူဖြစ်စေမှာပါ။ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်အတွက် ဧရာဝတီ မြစ်အတွင်း ပထမဆုံးအကြိမ် ငါး မျိုးစိုက်ထည့်ခြင်းဖြစ်ပါတယ်''ဟု မန္တလေးတိုင်းဒေသကြီး စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီး ဒေါက်တာစိုးသန်းကပြော သည်။

 

လက်ရှိ မြန်မာ့ငါးလုပ်ငန်း ရေပြင်များတွင် ပြောင်းလဲလာ သော ရာသီဥတုအခြေအနေများ၊ ရေနေသတ္တဝါတို့၏ ဂေဟစနစ် လျော့နည်းပျက်စီးလာခြင်း၊ လူ ဦးရေ တိုးတက်များပြားလာခြင်း၊ အလွန်အကျွံ ငါးဖမ်းဆီးခြင်း၊ တရားမဝင် ငါးဖမ်းဆီးခြင်းတို့ ကြောင့် ငါးသယံဇာတများ တဖြည်းဖြည်း လျော့နည်းလာရာ သဘာဝရေပြင်များတွင် ငါးသယံ ဇာတများ လျော့နည်းလာပြီး ငါး ထုတ်လုပ်မှု ကျဆင်းလာခြင်းမှ ငါးမျိုးပြန့်ပွားစေရေး၊ ငါးထုတ် လုပ်မှု တိုးတက်လာစေရေး အတွက် ယခုကဲ့သို့ နိုဝင်ဘာ ၄ ရက်က ငါးမျိုးစိုက်ထည့်ပေးခြင်း ဖြစ်သည်။


လက်ရှိတွင် ငါးလုပ်ငန်း ဦးစီးဌာနအနေနှင့် ကိုရီးယား အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင် ရွက်ရေးအေဂျင်စီ (KOICA)နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံ ရေချိုငါး မွေးမြူရေး နည်းပညာဖွံ့ဖြိုးရေး စီမံကိန်းကို ၂ဝ၁၄ ခုနှစ်မှ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလကုန်အထိ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

AXE

#democracytoday

Rate this item
(0 votes)
back to top