HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ကုန်စည်ပြပွဲ စတင်ကျင်းပ  

ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ကုန်စည်ပြပွဲ စတင်ကျင်းပ   

ဘားအံ၊ နိုဝင်ဘာ ၆

(၆၃) နှစ် မြောက်ကရင်ပြည်နယ်နေ့ အထိမ်း အမှတ်ကုန်စည်ပြပွဲ ဖွင့်ပွဲကိုနိုဝင် ဘာ ၆ ရက်၊ နံနက် ၇ နာရီက က ရင်ပြည်နယ် ဘားအံမြို့ရှိ သီရိကွင်း ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ကရင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦး စောချစ်ခင်၊ ဒုတိယဥက္ကဋ္ဌဒေါ်နန်း သူဇာဝင်း၊ ကရင်ပြည်နယ်အစိုးရ အဖွဲ့စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဦးသန်း နိုင်၊ ပြည်နယ်ဥပဒေချုပ် ဦးစော ချစ်မြင့်လေး၊ ပြည်နယ်စာရင်း စစ်ချုပ်ဦးစောလှထွန်း၊ ဒေါနနတ် သမီးကုမ္ပဏီလီမိတက်မှ အုပ်ချုပ် မှုဒါရိုက်တာ ဦးထွန်းထွန်းဦးတို့က ကုန်စည်ပြပွဲအား ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးကြသည်။

 

(၆၃) နှစ်မြောက်ကရင်ပြည် နယ်နေ့ အထိမ်းအမှတ်အဖြစ် ပြ ခန်းများကိုပါ ထည့်သွင်းပြသရာ တွင် ကရင်ပြည်နယ်ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီပြခန်း၊ ကရင်စာပေနှင့်ယဉ်ကျေးမှုပြခန်း၊ သစ်သီးဝလံနှင့်ပန်းမန်ပြခန်း၊ ဌာန ဆိုင်ရာနှင့် လူမှုရေးအသင်းအဖွဲ့ ပြခန်းများ အပါအဝင်ပြခန်းပေါင်း ၃၃ ခန်းကိုဖွင့်လှစ်ပြသသွားမည် ဖြစ်ပြီး ဈေးရောင်းပွဲတော်တွင် လူ သုံးကုန်ပစ္စည်း အရောင်းဆိုင်များ၊ အစားအသောက်နှင့် ဆေးဝါးအ ဝတ်အထည်နှင့် အလှကုန်ပစ္စည်း အရောင်းဆိုင်များ စသည့် ဆိုင်ခန်း ပေါင်း ၃ဝဝ ကျော်ပါဝင်ပြသခင်း ကျင်းရောင်းချသွားမည်ဖြစ်သည်။


ယင်းကုန်စည်ပြပွဲကို နိုဝင် ဘာ ၆ ရက်မှ ၁၁ ရက်အထိ ခြောက်ရက်ကြာခင်းကျင်းပြသ ရောင်းချသွားမည်ဖြစ်ပြီး ကုန် စည်ပြပွဲကျင်းပစဉ် ကာလအတွင်း ပွဲတော်လုံခြုံရေးကို ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရဲမှူးကြီး အောင်မြတ် မိုးကအနီးကပ် ကြပ်မတ်သွားမည် ဖြစ်ကာ မှုခင်းကြိုတင်ကာကွယ် ရေးအတွက် ပွဲတော်လာရောက်သူ များအား အန္တရာယ်ရှိသောလက် နက်ကိရိယာများ၊ အရက်ဘီယာ နှင့်မူးယစ်ဆေးဝါးများ ယူဆောင် လာမှုမရှိစေရေး စစ်ဆေးဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။ 

ZMT

#democracytoday

Rate this item
(0 votes)
back to top