HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

တရားမဝင် မြန်မာ အလုပ်သမား လေးဦးကို မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေး တံတား၌ လွှဲပြောင်း

တရားမဝင် မြန်မာ အလုပ်သမား လေးဦးကို မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေး တံတား၌ လွှဲပြောင်း

တာချီလိတ်၊ နိုဝင်ဘာ ၆

မြန်မာ နိုင်ငံမှ ထိုင်းနိုင်ငံသို့ တရားမဝင်သွား ရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား လေးဦးကို ထိုင်းနိုင်ငံမှ တာဝန်ရှိသူ များက မြန်မာနိုင်ငံဘက်သို့ နိုဝင် ဘာ ၆ ရက် နံနက် ၁၁ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီ လိတ်မြို့ရှိ မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတား၌ ပြန်လည်လွှဲ ပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

 

လွှဲပြောင်းပေးအပ်သည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမား လေးဦး ကို ပူးပေါင်းအဖွဲ့မှ စိစစ်ခဲ့ရာ ထိုင်း နိုင်ငံသို့ တာချီလိတ်-မယ်ဆိုင် အမှတ်(၁)ချစ်ကြည်ရေးတံတားမှ တစ်ပတ်တံတားကူးလက်မှတ်ဖြင့် ဝင်ရောက်ခဲ့ပြီး ထိုင်းနိုင်ငံတာဝန် ရှိသူများက ရှောင်တခင်စစ်ဆေးစဉ် ထိုင်းနိုင်ငံတွင် နယ်စပ်ဖြတ်ကျော် ခွင့်သက်တမ်းလွန်ခြင်းနှင့် အထောက် အထားမဲ့ နေထိုင်ခြင်းတို့ကြောင့် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန် လည်စေလွှတ်ခဲ့ခြင်းဖြစ်ပြီး လူကုန် ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဝင် များ၊ လူဝင်မှုကြီးကြပ်ရေးဌာနခွဲ (တာချီလိတ်)နှင့် လူကုန်ကူးမှုတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်(၁)မှ တာဝန်ရှိသူများက ထိုင်းနိုင်ငံတာ ဝန်ရှိသူများထံမှ လွှဲပြောင်းလက်ခံ ပြီးနောက် မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနအစီအစဉ်ဖြင့် ¤င်းတို့၏ မိဘဆွေမျိုးများထံ ခံဝန် ဖြင့် ပြန်လည်အပ်နှံပေးခဲ့သည်။


၂ဝ၁ဝ ခုနှစ် နိုဝင်ဘာ ၁၉ ရက်မှ ယခုနှစ်နိုဝင်ဘာ ၆ ရက်ထိ လွှဲပြောင်းပေးအပ်ခဲ့သည့် တရားမဝင် မြန်မာအလုပ်သမားများမှာ အမျိုး သား ၉၉၈၂ ဦး၊ အမျိုးသမီး ၃၉၄၉ ဦး၊ စုစုပေါင်း ၁၃၉၃၁ ဦးဖြစ် ကြောင်း လူကုန်ကူးမှုတားဆီးကာ ကွယ်ရေးအဖွဲ့မှ သိရသည်။ 

TT

#democracytoday

Rate this item
(0 votes)
back to top