HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

အစိုးရဝန်ထမ်း ဆရာဝန်များကို တာဝန်ချိန်အတွင်း ဆေးရုံပြင်ပသို့ ခေါ်ဆောင်ပြီး ပြင်ပလူနာကို အိမ်တိုင်ရာရောက် ကုသစေနိုင်သည့် မူဝါဒမျိုး မြန်မာအပါအဝင် နိုင်ငံတကာတွင် မရှိဟုဆို

အစိုးရဝန်ထမ်း ဆရာဝန်များကို တာဝန်ချိန်အတွင်း ဆေးရုံပြင်ပသို့ ခေါ်ဆောင်ပြီး ပြင်ပလူနာကို  အိမ်တိုင်ရာရောက် ကုသစေနိုင်သည့် မူဝါဒမျိုး မြန်မာအပါအဝင် နိုင်ငံတကာတွင် မရှိဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၇

အစိုးရ ဝန်ထမ်းဆရာဝန်များကို တာဝန်ချိန်အတွင်း တာဝန်ထမ်းဆောင် နေသည့် ဆေးရုံပြင်ပသို့ခေါ်ဆောင် ပြီး ပြင်ပလူနာကို အိမ်တိုင်ရာရောက် ကုသစေနိုင်သည့် မူဝါဒမျိုး မြန် မာနိုင်ငံအပါအဝင် နိုင်ငံတကာတွင် မရှိကြောင်း ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်း မာရေးဦးစီးဌာန(သဘာဝဘေး၊ ကူး စက်)(နေပြည်တော်)မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်က ပြောသည်။

မကြာသေးမီကဖြစ်ပွားခဲ့သည့် သံတွဲမြို့၊ ခုတင် ၂၅ ဆံ့ ငပလီ ဆေး ရုံမှ လက်ထောက်ဆရာဝန်တစ် ဦးနှင့်ပတ်သက်သော ဖြစ်စဉ်အ ပေါ် ဖြေကြားခြင်းဖြစ်သည်။ ''အစိုးရဆရာဝန်ကတော့ ဆေးရုံမှာပဲ ရှိတယ်။ အစိုးရဆရာ ဝန်နဲ့ကုချင်ရင် ဆေးရုံကိုသွားရမယ်။ တာဝန်ချိန်မှာ အပြင်ထိအောင် လိုက်လုပ်ရမယ်ဆိုတဲ့ မူဝါဒမျိုးနိုင်ငံ တကာမှာရော မြန်မာမှာပါမရှိပါ ဘူး။ လူနာက အရေးကြီးတယ်ဆို ရင် ပုဂ္ဂလိကဆရာဝန်ကိုခေါ်လို့ရ တယ်။ အစိုးရဆရာဝန်ကို တာ ဝန်ချိန် ပြင်ပမှာခေါ်လို့ရပေမယ့် လိုင်စင်ရှိတဲ့အတွက် ဝန်ဆောင် ခတော့ပေးရမယ်။ ဒါက နိုင်ငံတ ကာမှာလည်း ဒီလိုသတ်မှတ်ထား ပါတယ်''ဟု ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါက်တာသန်းထွန်းအောင် ကပြောသည်။


နိုဝင်ဘာ ၄ ရက် ရက်စွဲဖြင့် ရခိုင်ပြည်နယ် ကုသမှုဦးစီးဌာနမှ ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ချုပ်ရှိရာ ဟိုတယ်သို့သွားရောက်၍ ငပလီဆေးရုံတာဝန်ခံ လက်ထောက် ဆရာဝန်အမျိုးသမီးအား ကျန်း မာရေးစောင့်ရှောက်မှုပေးရန်အောက် တိုဘာ ၂၈ ရက်တွင် ညွှန်ကြားခဲ့ သော်လည်းမသွားသဖြင့် နိုင်ငံဝန် ထမ်းနည်းဥပဒေအရဌာနဆိုင်ရာ မှစစ်ဆေးရန်တွင် ထုတ်ပြန်သည့် စာဖြစ်ပြီး ဆရာဝန်အသိုင်းအဝိုင်း နှင့် လူမှုကွန်ရက်ပေါ်တွင် ဝေဖန် မှုများများပြားသဖြင့် နောက်ပိုင်း တွင် ယင်းလက်ထောက်ဆရာဝန် အမျိုးသမီးအား စစ်ဆေးအရေးယူ ခြင်းဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း သိရသည်။


''သံတွဲကကိစ္စကတော့ စစ် ဆေးမခံရတော့ပါဘူး။ ဆရာဝန် ဆိုတာကလည်း ဆရာဝန်ကျင့်ဝတ် တွေရှိပါတယ်။ ဆေးရုံကိုခေါ်လာ ရင်တော့ ကြည့်ပေးမှာပေါ့။ ဆေး ရုံကို ခေါ်လာလို့မကြည့်ပေးရင်တော့ သူ့ပျက်ကွက်မှုဖြစ်သွားပြီ။ ဆရာ ဝန်ကျင့်ဝတ်တွေကို ဆရာဝန်တွေ အားလုံးနားလည်အောင်လည်း ပြန် လုပ်ရဦးမယ်။ ပြင်ပမှာလိုက်ကုပေး တယ်ဆိုတာက စေတနာအပေါ်မူ တည်တာပေါ့။ အမျိုးသမီးဆရာဝန် ဆိုရင် သူ့လုံခြုံရေးအရ ကာကွယ် ခွင့်ရှိတယ်။ တာဝန်ချိန်ပြင်ပမှာ ခေါ်လို့သွားရမယ်ဆိုလည်း အမျိုး သားဆရာဝန်၊ သူနာပြုတွေကို ခေါ် သွားလို့ရပါတယ်။ အကောင်းဆုံး ကတော့ လူနာတွေကခေါ်ရင်အ မျိုးသားဆရာဝန်ကိုခေါ်တာ ကောင်း ပါတယ်''ဟု ၎င်းကပြောသည်။


အစိုးရဝန်ထမ်းဆရာဝန်များ ကို သာမန်လူနာသော်လည်းကောင်း၊ ဌာနဆိုင်ရာက အကြီးအကဲလူနာ သော်လည်းကောင်း တာဝန်ချိန် တွင် ပြင်ပသို့ခေါ်ဆောင်ပြီးကုသ ခိုင်းစေခွင့်မရှိကြောင်း သိရသည်။ ဆရာဝန်အမျိုးသမီးအား စစ်ဆေးရလောက်သော် အပြစ်ရှိ၊ မရှိနှင့်ပတ်သက်၍ ဒေါက်တာသန်း ထွန်းအောင်က ''အဲလိုတော့လည်း မဟုတ်ဘူးပေါ့။ နိုင်ငံ့ဝန်ထမ်းနည်း ဥပဒေမှာတော့ မပါဘူးပေါ့။ ဆရာ ဝန်ရဲ့ကျင့်ဝတ်ပဲ။ ဒါကတော့ စေ တနာရှိရင်ရှိသလောက်ပေါ့။ ကိုယ့် အန္တရာယ်လည်းရှိသေးတယ်လေ။ ညွှန်ကြားတဲ့သူတွေကိုလည်း ပြန် အရေးယူဖို့မရှိပါဘူး။ စေတနာအ မှားပါ။ အဲလောက်ကြီးလည်းမ ဟုတ်ပါဘူး''ဟု ပြောသည်။


မော်လမြိုင်မြို့၊ ပြည်သူ့ကျန်း မာရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာမောင် မောင်လွင်ကလည်း ''ကျွန်တော့် အမြင်ပြောရမယ်ဆိုရင် တိုက်နယ် ဆရာဝန်တစ်ယောက်ရဲ့တာဝန်ဟာ ဆေးရုံမှာပဲ တာဝန်အပြည့်ရှိတယ်။ အခြားဌာနတွေက အရေးကြီးလို့ ခေါ်ယူမယ်ဆိုရင်လည်း ဒါကဝတ္တ ရားအရသွားရမယ်ဆိုလည်း ဆေး ရုံတာဝန်ပြီးဆုံးချိန် ဒါမှမဟုတ် အား လပ်ချိန်မှာပဲသွားသင့်ပါတယ်။သွား တဲ့အခါမှာလည်း သူနာပြုပါခေါ် သွားသင့်ပါတယ်''ဟု ပြောသည်။

TTHL

#democracytoday

Rate this item
(0 votes)
back to top