HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

ချောင်းဦး မြို့နယ်လုံးဆိုင်ရာ မီးပုံးပျံပြိုင်ပွဲ ယခုနှစ်တွင် ဆုကြေး တိုးချီးမြှင့်မည်

ချောင်းဦး မြို့နယ်လုံးဆိုင်ရာ မီးပုံးပျံပြိုင်ပွဲ ယခုနှစ်တွင် ဆုကြေး တိုးချီးမြှင့်မည်

ချောင်းဦး၊ နိုဝင်ဘာ ၇

စစ်ကိုင်း တိုင်းဒေသကြီးတွင် တစ်ခုတည်း ကျင်းပသော မုံရွာခရိုင် ချောင်းဦး မြို့နယ်လုံးဆိုင်ရာ တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကို ယခုနှစ်တွင်ဆုကြေး တိုးချီးမြှင့်မည်ဖြစ်ကြောင်း ဦးဆောင် ကျင်းပသူ ဆရာတော်ဥူးပရဝမှ မိန့်ကြားသည်။ ယခုနှစ်တွင် ကိုးကြိမ်မြောက် မီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာ ၂၁၊ ၂၂ ရက် (တန်ဆောင်မုန်းလပြည့်)ည များတွင် ကျင်းပမည်ဖြစ်ပြီး ဆုကြေး များအဖြစ် ပထမငွေကျပ်သိန်း ၂ဝ၊ ဒုတိယငွေကျပ် ၁၅ သိန်းနှင့် တတိယ ၁ဝ သိန်းချီးမြှင့်မည်ဖြစ်ကာ ပြိုင်ပွဲ ဝင်အဖွဲ့တိုင်းအား ကျပ်တစ်သိန်း စီချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

''ဘုရားအလောင်းတော်တော ထွက်စဉ် အနော်မာမြစ်ကိုဖြတ်ပြီး တစ်ဖက်ကမ်းရောက်တော့ ဆံ တော်ပယ်ပြီး ကောင်းကင်ကိုလွှတ် တင်ရာမှာ ဗြဟ္မာကြီးတွေက ယူ ဆောင်ပြီး တာဝတိံသာနတ်ပြည် မှာဆံတော်ကို စူဋ္ဌာမဏိစေတီတည် ထားတာ အဲဒါကိုရည်မှန်းပြီးလူ့ ပြည်က မီးပုံးပျံလွှတ်တင်ပူဇော် တာဖြစ်တယ်။ မယ်တော်မိနတ် သားကို ဘုရားရှင်ကကျေးဇူးဆပ် တရားဟောတာကို လူ့ပြည်ကလူ တွေက မီးပုံးများနဲ့ရည်မှန်းပြီး လှူ ဒါန်းပူဇော်တာကို ရည်ရွယ်ပြီးပြု လုပ်တာပါ''ဟု ဆရာတော်ဥူးပရဝ မှ မိန့်ကြားသည်။


မီးပုံးပျံပြိုင်ပွဲဝင်ရန် လက်ရှိ အဖွဲ့ ၁၇ ဖွဲ့ခန့်စာရင်းပေးထား ပြီး ယခင်က စိန်နားပန်မီးပုံးပျံကို ထည့်သွင်းယှဉ်ပြိုင်စေသော်လည်း ယခုနှစ်တွင် ညမီးကြီးတစ်မျိုးသာ ယှဉ်ပြိုင်စေမည်ဖြစ်ပြီး ပြိုင်ပွဲမီးပုံး များကို အမြင့်ပေ ၂ဝ သတ်မှတ် ကာ မီးအိမ်အလှ၊ ဆင်ယင်ထား သောပန်းချီပုံ၊ အချိုးအစားကျနမှု၊ အောင်မြင်စွာပျံတက်နိုင်မှုကိုကြည့် ၍ ပြိုင်ပွဲကျင်းပရေးကော်မတီမှ ဆု ရွေးချယ်သွားမည်ဖြစ်ကြောင်း ပြိုင် ပွဲကို ချောင်းဦးမြို့နေရှင်ရပ်ကွက် ညောင်ပင်ပဇ္ဇော်တာရုံကျောင်းတိုက် မြေကွက်လပ်၌ ကျင်းပမည်ဖြစ် ပြီး ဓာတ်ပုံပြိုင်ပွဲကိုလည်း ထည့် သွင်းရန် စီစဉ်ထားကြောင်း သိရ သည်။ 

KTS

#democracytoday

Rate this item
(0 votes)
back to top